Connect with us

China

အမေရိကန်က တရုတ်ပါဆယ်ထုပ်များ လက်ခံခြင်းကို ယာယီရပ်တန့်ပြီးနောက် ပြန်လည်လက်ခံမှု စသည့် ကုန်သွယ်စီးပွားဆိုင်ရာ စိုးရိမ်ပူပန်မှုများအား တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တုံ့ပြန်

ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

အမေရိကန်က နိုင်ငံတကာကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာနှင့်အညီ စောင့်ကြည့်စီမံခန့်ခွဲမှုကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပြီး နယ်စပ်ဖြတ်ကျော် e-commerce ဖွံ့ဖြိုးတိုးတက်မှုအတွက် တရားမျှတသော၊ မျှော်မှန်းနိုင်သော မူဝါဒပတ်ဝန်းကျင်ဖန်တီးပေးကာ ဒေသတွင်းစားသုံးသူများအတွက် ပိုမိုအဆင်ပြေသော၊ ပိုမိုအရည်အသွေးမြင့်၍ ဈေးနှုန်းသင့်တင့်သော စားသုံးမှုပတ်ဝန်းကျင်ကို ဖန်တီးပေးရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟော်ရုံချန်က ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်က ဖေဖော်ဝါရီ ၄ ရက်မှစ၍ တရုတ်နိုင်ငံ ပြည်မကြီးနှင့် တရုတ်နိုင်ငံ ဟောင်ကောင်မှလာသော ပါဆယ်ထုပ်များ လက်ခံခြင်းကို ယာယီရပ်တန့်ကြောင်း ကြေညာခဲ့ပြီး နာရီအနည်းငယ်အကြာတွင် ၎င်းပါဆယ်ထုပ်များအား ပြန်လည်လက်ခံကြောင်း ကြေညာခဲ့ရာ ယင်းအပေါ် တရုတ်ဘက်က မည်သည့် တုံ့ပြန်မှုများရှိသနည်းဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်၏ မေးမြန်းမှုအား ဟော်ရုံချန်က အထက်ပါအတိုင်း တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတစ်နိုင်ငံရဲ့ ကုန်သွယ်ရေးမူဝါဒကို ဘယ်လိုပဲပြင်ဆင်ပါစေ နယ်စပ်ဖြတ်ကျော် e-commerce မှာ ပင်ကိုယ်ရှိတဲ့ အားသာချက်နဲ့ ထူးခြားချက်က ပျောက်ကွယ်သွားမှာမဟုတ်ဘဲ အလွန်အားကောင်းတဲ့ ယှဉ်ပြိုင်မှုစွမ်းရည် ရှိနေဆဲဖြစ်ပါတယ်။ နိုင်ငံတကာ ကုန်သွယ်ရေး ဒစ်ဂျစ်တယ်အသွင် ဖွံ့ဖြိုးတိုးတက်မှု အလားအလာကြီးကလည်း ပြောင်းလဲသွားမှာ မဟုတ်ပါဘူး” ဟု ဟော်ရုံချန်က ဆိုသည်။ နယ်စပ်ဖြတ်ကျော် e-commerce က စားသုံးသူ၏ စိတ်ကြိုက်လိုအပ်ချက်ကို တိုက်ရိုက် ဖြည့်ဆည်းပေးခြင်း၊ ပစ္စည်းရောက်ရှိမှုမြန်ဆန်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း ဟူသော တစ်မူထူးခြားသည့် အားသာချက်ရှိ၍ နိုင်ငံတကာ ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါအလားအလာဖြစ်ကြောင်း ၎င်းက ဆိုသည်။ အမေရိကန်က လတ်တလောကာလအတွင်း တရုတ်နိုင်ငံမှ အမေရိကန်သို့ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံကာ ပမာဏအနည်းငယ် စည်းကြပ်ခွန်ကင်းလွတ်ခွင့်မူဝါဒများကို ပြင်ဆင်ခဲ့ကြောင်း၊ ယင်းသည် အမေရိကန်ဒေသခံစားသုံးသူများ၏ စားသုံးမှုအရင်းအနှီးကို‌ တိုးမြှင့်စေမည်ဖြစ်ပြီး ၎င်းတို့၏ ဈေးဝယ်မှုခံစားချက်ကို လျှော့ချစေမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် ဟော်ရုံချန်က အမေရိကန် PVH Corp. နှင့် Illumina, Inc ကုမ္ပဏီတို့အား မယုံကြည်ရသော အဖွဲ့အစည်းစာရင်းတွင် ထည့်သွင်းခြင်းနှင့်စပ်လျဉ်း၍ သတင်းထောက်၏ မေးမြန်းမှုကိုလည်း ဖြေကြားခဲ့သည်။ ဟော်ရုံချန်က အမေရိကန် PVH Corp. နှင့် Illumina, Inc ကုမ္ပဏီတို့သည် ပုံမှန်ဈေးကွက် အရောင်းအဝယ် လုပ်ဆောင်သည့် အခြေခံမူကို ချိုးဖောက်ပြီး တရုတ်ကုမ္ပဏီနှင့် ပုံမှန်အရောင်းအဝယ် ပြုလုပ်မှုကို ဖြတ်တောက်ကာ တရုတ်နိုင်ငံ ကုမ္ပဏီများကို ခွဲခြားဆက်ဆံသည့် အစီအမံများ လုပ်ဆောင်မှုများ ရှိကြောင်း၊ တရုတ်နိုင်ငံသည် ဥပဒေနှင့်အညီ အထက်ပါအဖွဲ့အစည်းနှစ်ခုကို မယုံကြည်သော အဖွဲ့အစည်းစာရင်းတွင် ထည့်သွင်းခဲ့ကြောင်း၊ ဆက်လက်ပြီး တရုတ်နိုင်ငံက သက်ဆိုင်ရာ ဥပဒေသတ်မှတ်ချက်များနှင့်အညီ အထက်ပါအဖွဲ့အစည်းအပေါ် သက်ဆိုင်ရာအစီအမံများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မယုံကြည်ရသော အဖွဲ့အစည်းစာရင်းကို အမြဲတစေ ဂရုပြုလုပ်ဆောင်လေ့ရှိကြောင်း ဟော်ရုံချန်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအစိုးရသည် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို အမြဲတစေ မြှင့်တင်ကာ တစ်ကမ္ဘာလုံး ထုတ်ကုန်လုပ်ငန်းကွင်းဆက်၊ ထောက်ပံ့ရေး ကွင်းဆက် ဘေးကင်းလုံခြုံမှုနှင့် တည်ငြိမ်မှုကို အတူတကွ ကာကွယ်စောင့်ရှောက်သွားလိုကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လုပ်ငန်းကုမ္ပဏီများ တရုတ်နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းဖော်ဆောင်ရန် ကြိုဆိုကြောင်း၊ ဥပဒေလိုက်နာကာ စည်းကမ်းနှင့်ကိုက်ညီသည့် နိုင်ငံခြားကုမ္ပဏီများ တရုတ်နိုင်ငံတွင် လာရောက် လုပ်ငန်းလည်ပတ်ရန်အတွက် တည်ငြိမ်သော၊ တရားမျှတသောနှင့် မျှော်မှန်းနိုင်သော စီးပွားရေးပတ်ဝန်းကျင် ဖန်တီးပေးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။
ကုန်သွယ်ရေး အငြင်းပွားမှုများကို တရုတ်ဘက်က အစပျိုးလုပ်ဆောင်မည်မဟုတ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿနာများကို ဖြေရှင်းရန် ဆန္ဒရှိကြောင်း၊ သို့သော် တစ်ဖက်သတ် ဗိုလ်ကျစိုးမိုးမှုကိုမူ လိုအပ်သည့်အစီအမံများ မဖြစ်မနေလုပ်ဆောင်၍ မိမိ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ပြတ်သားစွာ ကာကွယ်သွားမည်ဖြစ်ကြောင်း ဟော်ရုံချန်က ပြောကြားခဲ့သည်။ (Xinhua)

……………………
(Chinese Version)
中国商务部回应美宣布暂停又恢复接收中国包裹等经贸关切
新华社北京2月6日电(记者谢希瑶、唐诗凝)中国商务部新闻发言人何咏前6日表示,希望美方能够顺应国际贸易发展趋势,优化监管,为跨境电商发展营造公平、可预期的政策环境,为本土消费者提供更便利、更优质优价的消费环境。
在商务部当天举行的例行新闻发布会上,有记者问:美国宣布自2月4日暂停来自中国大陆和中国香港的包裹,几小时后又恢复接收那些快递。请问对此中方有何反应?何咏前作出上述回应。
“无论一国的贸易政策如何调整,跨境电商本身所具有优势和特点并没有消失,仍然具有很强竞争力,国际贸易数字化发展的大趋势不会改变。”她表示,跨境电商直接满足消费者的个性化需求、到货快、节省费用,具有独特的优势,是国际贸易发展的重要趋势。美方近期对中国输美产品加征10%关税,并调整小额免税政策,这无疑将提高美国本土消费者的消费成本,降低购物体验。
发布会上,何咏前还就将美国PVH集团和因美纳公司列入不可靠实体清单的有关记者提问进行了回应。她说,美国PVH集团和因美纳公司存在违反正常的市场交易原则,中断与中国企业的正常交易,对中国企业采取歧视性措施等行为,中方依法将上述两家实体列入不可靠实体清单。后续中方将依据相关法律法规,对上述实体采取相应措施。
何咏前表示,中方一贯审慎处理出口管制和不可靠实体清单问题。中国政府一如既往地愿与世界各国加强交流合作,共同维护全球产业链、供应链安全和稳定,欢迎世界各国企业来华投资兴业,并致力于为守法合规的外资企业在华经营提供稳定、公平和可预期的营商环境。
何咏前说,中方不会主动挑起贸易争端,愿通过对话协商来解决问题,但对于单边霸凌举措,一定会采取必要措施,坚决捍卫自身权益。(完)