Connect with us

Asia

ရုရှား-ယူကရိန်း ပဋိပက္ခတွင် ယာယီအပစ်ရပ်ခြင်းကို လက်ခံ၍မရကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဆို

မော်စကို၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ရုရှား-ယူကရိန်း ပဋိပက္ခတွင် ယာယီအပစ်ရပ်ခြင်းကို လက်ခံ၍မရကြောင်း၊ ယူကရိန်း၏ စစ်ရေးအင်အားကို တိုးမြှင့်ရန်အတွက် ယင်းကို အနောက်တိုင်းက အသုံးချသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova က ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်း၏ စစ်ရေးအင်အားကို တိုးမြှင့်ရန်အတွက် ယာယီအပစ်ရပ်ခြင်းသည် အနောက်တိုင်း၏ အသုံးချခြင်းသာ ခံရမည်ဖြစ်ကာ ထိုမှတစ်ဆင့် ယူကရိန်းက ရုရှားဘက်သို့ လက်နက်ကိုင်လက်တုံ့ပြန်ခြင်း ဖြစ်လာနိုင်စေကြောင်း Maria Zakharova က ယင်းနေ့တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ အကျပ်အတည်း ထပ်မံမဖြစ်ပွားအောင် အာမခံနိုင်ရန်အတွက် ယုံကြည်အားကိုးရသော၊ ဥပဒေ ထိန်းချုပ်မှုရှိသော စာချုပ်နှင့် ယန္တရားလိုအပ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။

နိုင်ငံရေးနည်းလမ်းဖြင့် ယူကရိန်းအကျပ်အတည်းအား ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးကာ အပြည့်အဝ စစ်မှန်သော၊ တရားမျှတသော၊ စဉ်ဆက်မပြတ်ဖြစ်သော ဖြေရှင်းရေးနည်းလမ်းကို ရှာဖွေ၍ အဆိုပါပြဿနာ ဖြစ်ပွားစေသည့် အရင်းအမြစ်ကို ဖယ်ရှားရန် ဆန္ဒရှိကြောင်း ရုရှားက အကြိမ်များစွာ ပြောကြားခဲ့ပြီးဖြစ်သည်ဟု Maria Zakharova က ပြောကြားခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
俄外交部:俄乌冲突临时停火不可接受
新华社莫斯科2月6日电(记者江宥林)俄罗斯外交部发言人扎哈罗娃6日说,俄乌冲突临时停火是不可接受的,这会被西方利用,以加强乌克兰军事能力。
扎哈罗娃当天在新闻发布会上说,临时停火只会被西方利用,以加强乌克兰军事能力,并导致乌方企图对俄发起武装报复。她强调,需要可靠的、具有法律约束力的协议和机制,以确保危机不会再次发生。
扎哈罗娃说,俄罗斯曾多次表示愿就政治解决乌克兰危机进行谈判,主张寻求真正彻底、公平、可持续的解决方案,并消除造成这一问题的根源。(完)