China
တရုတ်နိုင်ငံ တောင်ပိုင်းတွင် ဆီးနှင်းကဏ္ဍ ရေပန်းစား၊ ဟူပေပြည်နယ် ရေခဲ-ဆီးနှင်းအားကစားနည်းများက စီးပွားရေးတိုးတက်မှုအတွက် အားအင်အသစ်များ ဆောင်ကြဉ်းပေး
![](https://xinhuamyanmar.com/wp-content/uploads/2025/02/7zb01.jpg)
ဝူဟန့်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)
မကြာသေးမီနှစ်များတွင် ဟူပေပြည်နယ်သည် ၎င်း၏ ထူးခြားသော ရေခဲ- ဆီးနှင်း အရင်းအမြစ်များကို ဖော်ထုတ်ကာ “ပြည်နယ်ကိုးခု၏ လမ်းပန်းဆက်သွယ်ရေးအချက်အချာ” အဖြစ် ၎င်း၏ ပထဝီဆိုင်ရာ အားသာချက်ကို အသုံးချကာ “ချမ်းအေးသော” အရင်းအမြစ်များကို “ပူနွေးသော” တက်ကြွမှုများအဖြစ် ပြောင်းလဲစေကာ ရေခဲ- ဆီးနှင်းခရီးသွားလုပ်ငန်းကို လျင်မြန်စွာ ဖွံ့ဖြိုးစေခဲ့သည်။
လက်ရှိတွင် ဟူပေပြည်နယ်တွင် ရေခဲ-ဆီးနှင်းခရီးသွားလာခြင်းခေါင်းစဉ်ဖြင့် ရှုခင်းသာဧရိယာ ၂၄ ခု၊ အပန်းဖြေစခန်းနှင့် နှင်းလျှောစီးကွင်း ၄၁ ခု တည်ဆောက်ထားပြီးဖြစ်သည်။ ဝူဟန့်၊ ရီချန်း၊ ဟွမ်ကန်းစသည့် ဒေသအများအပြားသည် နိုင်ငံတစ်ဝန်း နာမည်ကျော်သော ရေခဲ- ဆီးနှင်းခရီးသွားနေရာများ ဖြစ်လာကြသည်။ ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ် ရေခဲ-ဆီးနှင်းရာသီတွင် ဟူပေပြည်နယ် ရေခဲ- ဆီးနှင်းခရီးသွားနေရာများတွင် ခရီးသွားဧည့်သည် သွားလာမှုအကြိမ်ရေသည် ၂၀ သန်းကျော်ရှိမည်ဟု ခန့်မှန်းထားသည်။ (Xinhua)
![](https://xinhuamyanmar.com/wp-content/uploads/2025/02/7zb02.jpg)
တရုတ်နိုင်ငံ ရှန်နုန်ကျကျုံးဟော် နိုင်ငံတကာ နှင်းလျှောစီးကွင်း၌ ခရီးသွားဧည့်သည်များ နှင်းလျှောစီးနေသည်ကို ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………………………………
(Chinese Version)
南国热雪:湖北冰雪运动“滑出”经济增长新动力
新华社照片,武汉,2025年2月6日
近年来,湖北挖掘特色冰雪资源,发挥“九省通衢”优势,推动“冷”资源焕发“热”活力,冰雪旅游快速发展。 目前湖北已打造24个冰雪旅游主题景区、度假区和41家冰雪场地。武汉、宜昌、黄冈等多地成长为全国知名的冰雪旅游目的地。 2024年至2025年冰雪季,湖北冰雪旅游目的地接待游客量预计超2000万人次。
图说1:1月27日,游客在宜昌市夷陵区百里荒滑雪场滑雪(无人机照片)。 新华社记者 肖艺九 摄
图说2:1月23日,游客在神农架中和国际滑雪场滑雪。新华社记者 杜子璇 摄