Myanmar
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လိမ်လည်မှု ကျူးလွန်သူ ၆၉ ဦးကို ဖမ်းဆီးရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုများကို မကြာသေးမီက နှိမ်နင်းခဲ့ရာ သံသယရှိသူ ၆၉ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၇ ရက်၌ ပြောကြားခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရယ်မြို့တွင် ဖေဖော်ဝါရီ ၅ ရက်၌ သတင်းအရ စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ သံသယရှိသူ ၂၀ ဦး၊ လက်နက်
ခဲယမ်းမီးကျောက်အမြောက်အမြား၊ အွန်လ်ုင်းလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသော လက်ကိုင်ဖုန်းများနှင့် ကွန်ပျူတာများကို ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၆ ရက်က ယင်းမြို့ရှိ နောက်ထပ်တစ်နေရာကို ဆက်လက် စစ်ဆေးရှာဖွေခဲ့ရာ ဆက်သွယ်ရေးလိမ်လည်မှုတွင် ပါဝင်ပတ်သက်မှုရှိကြောင်း သံသယရှိသူ ၄၉ ဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့သည်။
တာဝန်ရှိသူများအနေဖြင့် သံသယရှိသူများအား စုံစမ်းစစ်ဆေးမှုများ ထပ်မံလုပ်ဆောင်ပြီး လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သည်။ (Xinhua)