Connect with us

Europe

ဘောလ်တစ်နိုင်ငံ သုံးနိုင်ငံနှင့် ဥရောပတိုက် ဓာတ်အားလိုင်းကွန်ရက် ချိတ်ဆက်ပြီးဖြစ်

လစ်သူယေးနီးယားနိုင်ငံ သမ္မတ Gitanas Nausėda (အလယ်) ၊ လတ်ဗီးယားနိုင်ငံ သမ္မတ Edgars Rinkēvičs (ယာ ၁) ၊ အက်စ်တိုးနီးယားနိုင်ငံ သမ္မတ Alar Karis၊ ပိုလန်နိုင်ငံ သမ္မတ Andrzej Duda (ဝဲ ၂) နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen (ယာ ၂) တို့ လစ်သူယေးနီးယားနိုင်ငံမြို့တော် ဗွီးနီးယက်စ်တွင် သတင်းစာရှင်းလင်းပွဲ အတူတကွတက်ရောက်နေသည်ကို ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီဂါ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

ဘောလ်တစ်နိုင်ငံများဖြစ်သည့် လစ်သူယေးနီးယား၊ လတ်ဗီးယားနှင့် အက်စ်တိုးနီးယားတို့သည် ဖေဖော်ဝါရီ ၉ ရက်တွင် လစ်သူယေးနီးယား-ပိုလန် ဓာတ်အားလိုင်းကွန်ရက်မှတစ်ဆင့် ဥရောပတိုက် ဓာတ်အားလိုင်းကွန်ရက်နှင့် ချိတ်ဆက်လိုက်ကြောင်း သိရသည်။
ဘောလ်တစ်နိုင်ငံများ၏ လျှပ်စစ်ဓာတ်အားစနစ်နှင့် ဥရောပတိုက် ဓာတ်အားလိုင်းကွန်ရက်စနစ်တို့ ချိတ်ဆက်မှုကို အောင်မြင်စွာ လုပ်ဆောင်ပြီးဖြစ်ကြောင်း လစ်သူယေးနီးယားနိုင်ငံ သမ္မတ Gitanas Nausėda က ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းတွင် လစ်သူယေးနီးယားနိုင်ငံမြို့တော် ဗွီးနီးယက်စ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ လတ်ဗီးယားနိုင်ငံ သမ္မတ Edgars Rinkēvičs ၊ အက်စ်တိုးနီးယားနိုင်ငံ သမ္မတ Alar Karis၊ ပိုလန်နိုင်ငံ သမ္မတ Andrzej Duda နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen တို့ အတူတကွ တက်ရောက်ခဲ့သည်။
ဘောလ်တစ်နိုင်ငံ သုံးနိုင်ငံ၏ လျှပ်စစ်ဓာတ်အားစနစ်နှင့် ရုရှားနိုင်ငံမှ ထိန်းချုပ်သော ဓာတ်အားလိုင်းကွန်ရက် ချိတ်ဆက်မှုကို ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၈ ရက် ၉ နာရီ ၀၉ မိနစ်တွင် ဖြတ်တောက်လိုက်ကြောင်း၊ ထို့နောက် လျှပ်စစ်ဓာတ်အားစနစ် လွတ်လပ်စွာလည်ပတ်မှုအား နိုင်ငံကိုယ်စီက စမ်းသပ်ချက် လုပ်ဆောင်ခဲ့ကြောင်း လတ်ဗီးယားနိုင်ငံ ရာသီဥတုနှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၉ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖေဖော်ဝါရီ ၉ ရက် နေ့လယ် ၂ နာရီ ၀၅ မိနစ်တွင် အက်စ်တိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယားနိုင်ငံများ၏ လျှပ်စစ်ဓာတ်အားစနစ်ကို ဥရောပတိုက် ဓာတ်အားလိုင်းကွန်ရက်နှင့် ချိတ်ဆက်နိုင်ခဲ့ကြောင်း သိရသည်။
ဘောလ်တစ်နိုင်ငံများသည် ဥရောပတိုက် ဓာတ်အားလိုင်းကွန်ရက်နှင့် ချိတ်ဆက်မှုစီမံကိန်းကို ၂၀၀၉ ခုနှစ် မှစ၍ စတင်ဖော်ဆောင်ခဲ့ရာ မူလအစီအစဉ်အရ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် လုပ်ဆောင်ပြီးမည် ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ယူကရိန်းအခြေအနေ အရှိန်အဟုန်မြင့်တက်လာပြီးနောက် လတ်ဗီးယား၊ အစ်တိုးနီးယား၊ လစ်သူယေးနီးယား၊ ပိုလန်နှင့် ဥရောပကော်မရှင်တို့သည် ဓာတ်အားလိုင်းကွန်ရက် ချိတ်ဆက်မှုကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီတွင် စော၍လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။ (Xinhua)

လစ်သူယေးနီးယားနိုင်ငံ သမ္မတ Gitanas Nausėda (အလယ်) ၊ လတ်ဗီးယားနိုင်ငံ သမ္မတ Edgars Rinkēvičs (ယာ ၁) ၊ အက်စ်တိုးနီးယားနိုင်ငံ သမ္မတ Alar Karis၊ ပိုလန်နိုင်ငံ သမ္မတ Andrzej Duda (ဝဲ ၂) နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen (ယာ ၂) တို့ လစ်သူယေးနီးယားနိုင်ငံမြို့တော် ဗွီးနီးယက်စ်တွင် သတင်းစာရှင်းလင်းပွဲ အတူတကွတက်ရောက်နေသည်ကို ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………….
(Chinese Version)
波罗的海三国已并入欧洲电网
新华社维尔纽斯2月9日电(记者薛东梅 陈玉芬)波罗的海国家立陶宛、拉脱维亚和爱沙尼亚的电力系统9日已通过立陶宛-波兰电网接入欧洲电网系统。
立陶宛总统瑙塞达当天下午在首都维尔纽斯召开的记者会上表示,波罗的海国家电力系统与欧洲电网系统的同步已成功完成。拉脱维亚总统林克维奇斯、爱沙尼亚总统卡里斯、波兰总统杜达和欧盟委员会主席冯德莱恩共同出席记者会。
拉脱维亚气候和能源部9日发布新闻公告说,波罗的海三国的电力系统于当地时间8日9时09分与俄罗斯控制的电网断开连接,随即各自进行独立运行试验。9日14时05分,爱沙尼亚、拉脱维亚和立陶宛的电力系统实现与欧洲电网同步。
波罗的海国家2009年开始启动并入欧洲电网的项目,原计划于2026年初完成。2022年乌克兰局势升级后,拉脱维亚、爱沙尼亚、立陶宛、波兰和欧盟委员会同意将并网提前至2025年2月。(完)
图说1、2:2月9日,在立陶宛首都维尔纽斯,立陶宛总统瑙塞达(中)、拉脱维亚总统林克维奇斯(右一)、爱沙尼亚总统卡里斯、波兰总统杜达(左二)和欧盟委员会主席冯德莱恩(右二)共同出席记者会。新华社发