Connect with us

International Organizations

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ရီးရဲလ်မက်ဒရစ်နှင့် ရင်ဆိုင်ရမည့်အပေါ် စောဒကတက်၍ မရနိုင်ကြောင်း ဂွါဒီယိုလာ ပြောကြား
မန်ချက်စတာစီးတီးအသင်းအနေဖြင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်အတွက် ဝင်ခွင့်တစ်နေရာ ရရှိရန် ရီးရဲလ်မက်ဒရစ်နှင့် ယှဉ်ပြိုင်ရမည့် play-offs ပွဲစဉ်အတွက် ပြင်ဆင်လျက်ရှိစဉ် နည်းပြဖြစ်သူ ပက်ပ်ဂွါဒီယိုလာက ၎င်း၏အသင်း ရင်ဆိုင်နေရသော အခက်အခဲအတွက် စောဒကတက်စရာ မရှိကြောင်း ပြောကြားခဲ့သည်။
ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရီးရဲလ်မက်ဒရစ်နှင့် စော‌စောစီးစီး ထိပ်တိုက်တွေ့ဆုံနေခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ၌ ဂွါဒီယိုလာက “ကျွန်တော်တို့ နောက်တစ်ဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရဖို့ ထိုက်တန်မှုမရှိခဲ့သလို ထိပ်ဆုံးရှစ်သင်းထဲ ပါဝင်နိုင်ဖို့လည်း ရမှတ်လုံလုံလောက်လောက် မရခဲ့ပါဘူး” ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အုပ်စုအဆင့်မှာ ရလဒ်မကောင်းခဲ့လို့ ဒုတိယအကျော့ကို အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာပါ။ ကျွန်တော်တို့ ၂၄ သင်းထဲမှာ အဆင့်-၂၂ နဲ့ အဆုံးသတ်ခဲ့တာမို့လို့ ဘယ်လိုမျက်နှာသာပေးမှုမျိုးကိုမှ တောင်းခံလို့မရနိုင်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
…..
— အီတလီစီးရီးအေတွင် အင်တာမီလန်က ဖီအိုရင်တီးနားကို အနိုင်ယူကာ လက်စားပြန်ချေနိုင်ခဲ့
ဖေဖော်ဝါရီ ၁၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အီတလီစီးရီးအေ ပွဲစဉ်တွင် အင်တာမီလန်က ၎င်း၏ အိမ်ကွင်းဖြစ်သည့် ဆန်စီရို၌ ဖီအိုရင်တီးနားအား ၂-၁ ဂိုးဖြင့် အနိုင်ယူ၍ ပြန်လည်လက်စားချေနိုင်ခဲ့သည်။
ယခုပွဲစဉ်မှာ ဖေဖော်ဝါရီ ၆ ရက် ပြန်ကန်ပွဲစဉ်တွင် ဖီအိုရင်တီးနားက အင်တာမီလန်ကို အိမ်ကွင်း၌ ၃-၀ ဂိုးဖြင့် အနိုင်ယူခဲ့ပြီးနောက် လေးရက်အတွင်း ဒုတိယအကြိမ် ထိပ်တိုက်တွေ့ဆုံမှုဖြစ်သည်။
ယခုအနိုင်ရလဒ်ကြောင့် အင်တာမီလန်အနေဖြင့် ရမှတ် ၅၄ မှတ်ဖြင့် ဒုတိယနေရာ၌ပင် ဆက်လက်ရပ်တည်နေသော်လည်း အမှတ်ပေးဇယားဦးဆောင်သူ နာပိုလီနှင့် တစ်မှတ်အကွာ အနေအထားသို့ ရောက်ရှိလာပြီး ဖီအိုရင်တီးနားကမူ ရမှတ် ၄၂ မှတ်ဖြင့် အဆင့်-၆ သို့ ကျဆင်းသွားခဲ့သည်။
…..
— ဆီဗီလာအား အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ဘာစီလိုနာနောက်ခံလူ အာရူဟို ခြေချင်းဝတ်ဒဏ်ရာရရှိ
ဘာစီလိုနာအသင်း၏ ဗဟို‌နောက်ခံလူ ရော်နယ် အာရူဟိုမှာ ဖေဖော်ဝါရီ ၉ ရက်တွင် ဆီဗီလာအား အဝေးကွင်း၌ ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့သဖြင့် သီတင်းပတ် သုံးပတ်ခန့် အနားယူရဖွယ်ရှိရာ ဘာစီလိုနာအတွက် ဒဏ်ရာပြဿနာတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။
အာရူဟိုမှာ ဆီဗီလာကွင်းလယ်လူ ဆာအူး နီဂွက်ဇ်၏ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်မှုကြောင့် ပထမပိုင်းပွဲချိန် အစောပိုင်းမှာပင် ကွင်းထဲမှ ထော့နဲ့ထော့နဲ့ဖြင့် ထွက်ခွာခဲ့ရပြီး ၎င်းအား ပါအူး ကူဘာစီနှင့် လူစားလဲလှယ်ခဲ့ရသည်။
သို့ဖြစ်ရာ အဆိုပါ ဥရုဂွေးနောက်ခံလူအနေဖြင့် ပြင်းထန်ကြွက်သားဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည့်အတွက် ရာသီအစောပိုင်း ပွဲစဉ်များကို လွဲချော်ခဲ့ပြီးနောက် ဇန်နဝါရီလရောက်မှသာ ‌ဘောလုံးပြန်လည်ကစားနိုင်ခဲ့သော်လည်း ဒဏ်ရာပြဿနာနှင့် ထပ်မံရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
…..
— တရုတ် စားပွဲတင်တင်းနစ်ကစားသမား လျင်ရှီးတုန်း အမျိုးသားတစ်ဦးချင်း အဆင့်သတ်မှတ်ချက်၌ ကမ္ဘာ့အဆင့်-၁ ဖြစ်လာ
နိုင်ငံတကာ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် (ITTF) က နောက်ဆုံးရ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များကို ဖေဖော်ဝါရီ ၁၁ ရက်၌ ထုတ်ပြန်ခဲ့ရာ ပါရမီရှင် တရုတ်စားပွဲတင်တင်းနစ်ကစားသမား လျင်ရှီးတုန်းက အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်-၁ နေရာသို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။
အသက် ၁၉ နှစ်အရွယ် လျင်က WTT Singapore Smash ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် အောင်ပွဲခံနိုင်ခဲ့ရာ ရမှတ် ၂,၀၀၀ ရရှိခဲ့သဖြင့် တစ်နိုင်ငံတည်းသားဖြစ်သူ ဝမ်ချူချင်းအား ကျော်ဖြတ်ကာ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ (Xinhua)

…………………….
(English Version)
Guardiola: We can’t complain about having to face Real Madrid
Manchester City coach Pep Guardiola had no complaints about the difficulty of the task facing his side as they prepare to play Real Madrid in the play-offs for a place in the last-16 of the Champions League.
“We didn’t deserve it (to qualify directly), we didn’t get enough points to start in the eight first (places),” said Guardiola, when asked about having to face Real Madrid so early in the tournament.
“We played the second game away because we were not good in the group stage. We finished 22nd out of 24 – you cannot ask any favors,” responded the Manchester City coach.
…..
Inter takes revenge on Fiorentina in Serie A
Inter Milan took revenge on Fiorentina in Serie A, beating the Viola 2-1 at San Siro on Monday.
It was the two sides’ second consecutive meeting in four days, as Fiorentina had enjoyed a 3-0 home victory on Thursday in a rescheduled fixture.
With the win, Inter still ranks second on 54 points, but moves within one point of leader Napoli, who had a 1-1 draw with Udinese on Sunday, while Fiorentina drops to sixth with 42 points.
…..
Barcelona defender Araujo suffers ankle injury during win in Sevilla
FC Barcelona has suffered an injury setback with central defender Ronald Araujo likely to be out for around three weeks after suffering an ankle injury in Sunday’s 4-1 win away to Sevilla.
Araujo had to limp out of the game early in the first half after a bad challenge from Sevilla midfielder, Saul Niguez, and he was replaced by Pau Cubarsi.
The injury is another setback to the Uruguayan, who only returned to action in January after missing the start of the season with a bad muscle injury that needed an operation.
…..
China’s Lin rises to table tennis men’s singles world No. 1
Chinese prodigy Lin Shidong has moved up to men’s singles world No. 1 as the International Table Tennis Federation (ITTF) released the latest world rankings on Tuesday.
With 2,000 ranking points earned from his victory at the World Table Tennis (WTT) Singapore Smash, 19-year-old Lin has surpassed his compatriot Wang Chuqin into top place.