Connect with us

Asia

အိန္ဒိယတွင် ကုန်တင်ကား နှင့် ခရီးသည်တင် မော်တော်ယာဉ်တို့ တိုက်မိ၍ လူ ၁၀ ဦးသေဆုံး

အိန္ဒိယတွင် ကုန်တင်ကား နှင့် ခရီးသည်တင် မော်တော်ယာဉ်တို့ တိုက်မိစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မတ် ၂၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် တွင် မတ် ၂၃ ရက်က ကုန်တင်ကားတစ်စီးသည် ခရီးသည်များ လိုက်ပါလာသော မော်တော်ယာဉ်တစ်စီးအား ဝင်တိုက်မိ၍ အနည်းဆုံး လူ ၁၀ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ မတော်တဆမှုသည် Uttar Pradesh ပြည်နယ် မြို့တော် Lucknow မြို့ အရှေ့တောင်ဘက် ၁၆၅ကီလိုမီတာ အကွာခန့်ရှိ Pratapgarth ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ (မတ်၂၃ရက်) တွင် အရှိန်ဖြင့်မောင်းနှင်လာသော ကုန်ကားတစ်စီးသည် Praatapgarh ခရိုင်၌ ပုံမှန်မောင်းနှင်နေသည့် ခရီးသည်တင်ယာဉ်တစ်စီးအား ဝင်တိုက်ခဲ့ပြီးနောက် လူ ၁၀ဦးသေဆုံးကာ အခြားလူ ၆ဦးဒဏ်ရာရရှိခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးပေးခန်းများသို့ ပို့ဆောင်ပေးထားကြောင်း ပြောကြားခဲ့သည်။

Uttar Pradesh ပြည်နယ် ဝန်ကြီးချုပ် က ယင်းမတော်တဆမှုအတွင်း အသက်ဆုံးရှုံးသွားသူတစ်ဦးချင်းစီ၏ မိသားစုဝင်များအား အမေရိကန်ဒေါ်လာ ၃,၀၇၅ဒေါ်လာ နှင့် ဒဏ်ရာရရှိသူများအား ၇၅၀ဒေါ်လာ နစ်နာကြေးပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ရဲတပ်ဖွဲ့ ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.