Connect with us

Asia

မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်းတွင် ဆူပူသူများနှင့် ချိတ်ဆက်မှုရှိကြောင်း စွပ်စွဲခံရသူ ၂၉ ဦး ထိန်းသိမ်းခံ

မိုဇမ်ဘစ်နိုင်ငံရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မာပူတို၊ မတ် ၂၅ ရက် (ဆင်ဟွာ)

မိုဇမ်ဘစ်နိုင်ငံ မြောက်ဘက်စွန်း Cabo Delgado ပြည်နယ် Mocimboa da Praia ဆိပ်ကမ်းမြို့တွင် ဆူပူအုံကြွသူများနှင့် ဆက်သွယ်မှုရှိကြောင်း စွပ်စွဲခံရသူ ၂၉ ဦးအား မတ်လ ၂၄ ရက်က နမ်ပူလာပြည်နယ် ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ကြောင်း သိရသည်။

ထို ၂၉ ဦးတွင် ကလေးများနှင့် အမျိုးသမီးများလည်း ပါဝင်ကြောင်း၊ ၎င်းတို့အား အိုင်အက်စ်များက ငွေကြေးနှင့် အလုပ်အကိုင်များဖြင့် ဆွဲဆောင်ခြင်းခံခဲ့ရသူ ဖြစ်ကြောင်း နမ်ပူလာပြည်နယ် တပ်မှူး Manuel Zandamela က ပြောကြားခဲ့သည်။

“အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် Cabo Delgado ဆူပူမှုမှာပါဝင်တဲ့ ဒီလူတွေအပေါ်ကို ကျွန်တော်တို့ သံသယမရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဆွဲဆောင်ဖြားယောင်းခံရတဲ့ အပြစ်မဲ့ပြည်သူတွေ ဖြစ်လို့ပါပဲ။ ဒီတော့ သူတို့ အဖမ်းမခံရဘဲ မကြာခင် အိမ်ပြန်နိုင်ကြမှာပါ” ဟု Zandamela က ပြောခဲ့သည်။မိုဇမ်ဘစ်နိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့သည် မိုဇမ်ဘစ်၊ ဆိုမာလီ၊ ယူဂန္ဒာနှင့် တန်ဇန်နီးယား နိုင်ငံသားများ အပါအဝင် အနည်းဆုံး လူ ၄၀၀ အား ဖမ်းဆီးထားခဲ့ကြောင်း သိရသည်။ (Xinhua)