Connect with us

Asia

ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး အစီအမံများ အောင်မြင်ထိရောက်မှုရှိရာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ဆက်လက်တိုက်ဖျက်သွားမည်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ထရာကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အစိုးရ ဆောင်ရွက်သည့် ဆက်သွယ်ရေး လိမ်လည်မှု တိုက်ဖျက်ရေး အစီအမံများမှာ သိသာထင်ရှားသော အောင်မြင်မှုရလဒ်များ ရရှိခဲ့ရာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ထိုင်းနိုင်ငံဘက်က ဆက်လက်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန်က ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ယခုကာလများတွင် ထိုင်းနိုင်ငံ အစိုးရသည် ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်စခန်းများတည်ရှိသည်ဟု သံသယရှိသော ဒေသများကို လျှပ်စစ်မီးနှင့် အင်တာနက် ဖြတ်တောက်ခဲ့သလို လောင်စာဆီ ပံ့ပိုးမှုကိုလည်း ရပ်နားခဲ့ကြောင်း ပေထုံတန်က ယင်းနေ့ နံနက်ပိုင်း အခမ်းအနားတစ်ခု၌ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံ သက်ဆိုင်ရာဒေသများ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို ၄၀ ရာခိုင်နှုန်း လျှော့ချထားပြီးဖြစ်သလို ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ရာ ဥယျာဉ်ဇုန်များနှင့်သက်ဆိုင်သူ ၃၀၀ ကျော်ကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ထားပြီး နေရပ်ပြန်ပို့ရန် စောင့်ဆိုင်းနေသူ ၇,၀၀၀ ခန့် ရှိရာ သက်ဆိုင်ရာ လှုပ်ရှားမှုများမှာ သိသာထင်ရှားသော အောင်မြင်မှုရလဒ် ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

အွန်လိုင်း ပြစ်မှုကျူးလွန်မှုနှင့် ကျားဖြန့် တိုက်ဖျက်ရေး အားဖြည့်ဆောင်ရွက်ရန် ထိုင်းနိုင်ငံ အစိုးရအဖွဲ့က အရေးပေါ် ဥပဒေအမိန့် ပြင်ဆင်ချက်တစ်ရပ်ကို ခွင့်ပြုထားပြီး ဖြစ်ကြောင်း ပေထုံတန်က ပြောကြားခဲ့သည်။ ယင်းပြင်ဆင်ချက်တွင် ဘဏ္ဍာရေးဌာန၊ ဆက်သွယ်ရေး အော်ပရေတာနှင့် လူမှုကွန်ရက် စာမျက်နှာပလက်ဖောင်းများက ဆက်သွယ်ရေးနှင့် အွန်လိုင်း လိမ်လည်မှုခံရသူများအတွက် တာဝန်တစ်စိတ်တစ်ပိုင်း ယူရန် တောင်းဆိုထားကြောင်း၊ မကြာမီကာလတွင် အသက်ဝင်မည်ဟု ခန့်မှန်းရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းနေ့ညနေပိုင်းတွင် ပေထုံတန်သည် ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ၌ အမှာစကားပြောကြားရာတွင် ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ဆက်လက် ပြင်းပြင်းထန်ထန် တိုက်ဖျက်ရန်၊ အိမ်နီးချင်းနိုင်ငံ၊ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရန်၊ သတင်းအချက်အလက်မျှဝေမှုနှင့် ပူးတွဲမွမ်းမံသင်တန်းများမှတစ်ဆင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေး စွမ်းရည်ကို မြှင့်တင်ရန် ညွှန်ကြားခဲ့သည်။ (Xinhua)

…………………….
(Chinese Version)
泰国总理:打击电诈措施取得成效 将继续打击跨国犯罪
新华社曼谷2月19日电(记者陈倩慈 林昊)泰国总理佩通坦19日表示,泰国政府采取的一系列打击电诈措施取得显著成效,泰方将继续严厉打击跨国犯罪。
佩通坦当天上午在一场活动上发表演讲时说,泰国政府近期切断泰缅边境疑似诈骗窝点所在地区的电力和互联网连接并停止供应燃油。缅甸有关地区的电力消耗已减少40%,超过300名电诈园区有关人员被送到泰国,还有约7000人等待遣返,相关行动取得显著成效。
佩通坦说,泰国内阁还批准了一项紧急法令修正案,以加强打击网络犯罪及诈骗。该修正案要求金融机构、电信运营商和社交媒体平台对电信和网络诈骗受害者承担部分责任,预计将在近期生效。
当天下午,佩通坦在同警务人员举行的会议上发表讲话,要求泰国警方继续严厉打击跨国犯罪,同时加强与邻国及国际执法机构的合作,通过信息共享和联合培训提高打击跨国犯罪的能力。(完)
1. 2024年8月18日,新任泰国总理佩通坦·钦那瓦在曼谷出席新闻发布会。新华社发(拉亨摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.