Europe
ဥရောပအနေဖြင့် လုံခြုံရေးနှင့် ကာကွယ်ရေးတွင် မဟာဗျူဟာကိုယ်ပိုင်ရပ်တည်မှုကို အားဖြည့်ရမည်ဟု မက်ခရွန် ပြောကြား

ပဲရစ်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
ယူကရိန်းအရေးက ဥရောပအနေဖြင့် လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍ မဟာဗျူဟာကိုယ်ပိုင်ရပ်တည်မှုကို အားဖြည့်ရန် တွန်းအားဖြစ်စေကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ယူကရိန်းအခြေအနေမှာ “ဥရောပ၏ လုံခြုံရေး၊ အကျိုးစီးပွားနှင့်သက်ဆိုင်” ကြောင်း၊ သို့သော် လက်ရှိ အခြေအနေမှာ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း မက်ခရွန်က ယင်းနေ့ လူမှုကွန်ရက်စာမျက်နှာ၌ ရုရှား-ယူကရိန်း ပဋိပက္ခ၊ ဥရောပလုံခြုံရေးနှင့်ပတ်သက်ပြီး အင်တာနက်အသုံးပြုသူများ၏ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့သည်။
“ရေရှည် တည်ငြိမ်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်” ပြီး ယူကရိန်းကို တည်ငြိမ်အောင် လုံခြုံရေးအာမခံချက်ရရှိအောင် ဆောင်ရွက်ရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သလို “ငြိမ်းချမ်းရေးရရှိဖို့ ယူကရိန်း ပါဝင်ဆွေးနွေးဖို့ လိုအပ်တယ်” ဟု အလေးထားပြောကြားခဲ့သည်။
လက်ရှိ ပြင်သစ်အနေဖြင့် ယူကရိန်းသို့ စစ်ဆင်ရေးတပ်ဖွဲ့များ စေလွှတ်ရန် ဆန္ဒမရှိကြောင်း မက်ခရွန်က ထပ်မံအလေးထား ပြောကြားခဲ့သည်။ သို့သော် ဆွေးနွေးမှုက အမှန်တကယ် ရေရှည်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဆိုလျှင် ယူကရိန်းလုံခြုံရေးကို အာမခံရန် ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ပြင်သစ်က စစ်တပ်စေလွှတ်နိုင်သည့် ဖြစ်နိုင်ခြေကို “ဖယ်ရှား၍မရ” ကြောင်း ၎င်းက ဆိုသည်။
ဥရောပ ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် မေးခွန်းအပေါ် မက်ခရွန်က ဥရောပမှာ တစ်သားတည်းဖြစ်သော စစ်တပ် တည်ဆောက်ရန် “အလွန် ခက်ခဲ” ကြောင်း ပြောကြားခဲ့သည်။ သို့သော် ဥရောပ၏ လုံခြုံရေးနှင့် ကာကွယ်ရေးစွမ်းရည်ကို အားဖြည့်ရမည် ဖြစ်ရာ ထို့အတွက် GDP တွင် ပါဝင်သည့် နိုင်ငံတော်ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ရန် လိုအပ်သည်ဟု ၎င်းက ယူဆသည်။
ဥရောပအနေဖြင့် “လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း” ငွေကြေးပမာဏအမြောက်အမြား ထည့်သွင်းကာ ပိုမိုများပြားသည့် ကာကွယ်ရေးထုတ်ကုန်ပစ္စည်းများ ဝယ်ယူမှုနှင့် ထုတ်လုပ်မှုပြုလုပ်ရန် ၎င်းက မျှော်လင့်သည်။ တစ်ချိန်တည်းတွင်ပင် ၎င်းက အကယ်၍ အမေရိကန်ထံမှ ဝယ်ယူရန် ဦးတည်လိုက်မည်ဆိုပါက “ကျွန်တော်တို့ရဲ့ မဟာဗျူဟာ ကိုယ်ပိုင်ရပ်တည်မှု အင်အားတောင့်တင်းလာမှာ မဟုတ်ဘူး” ဟု သတိပေးပြောကြားခဲ့သည်။
ရက်အနည်းငယ်အတွင်း အမေရိကန်သို့ သွားရောက်၍ အမေရိကန် သမ္မတ ထရမ့်နှင့်တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း မက်ခရွန်က အတည်ပြုခဲ့သည်။ ထရမ့်က “မဟာမိတ်တွေအတွက် မရေရာမှုတွေ သယ်ဆောင်လာတယ်” ဟု ၎င်းက ယူဆကြောင်း သိရသည်။ (Xinhua)
……………………..
(Chinese Version)
马克龙:欧洲必须在安全和防务上加强战略自主
新华社巴黎2月20日电(记者唐霁)法国总统马克龙20日表示,乌克兰问题促使欧洲必须在安全和防务上加强战略自主。
马克龙当天在社交媒体上回答网友有关俄乌冲突、欧洲安全等的提问时说,乌克兰局势“关系到欧洲的安全和利益”,但目前状况令人担忧。他呼吁“实现持久而稳固的和平”,让乌克兰稳定下来并获得安全保障。他同时强调,“需要由乌克兰人谈判获得和平”。
马克龙重申,法国目前无意向乌克兰派遣作战部队。但如果谈判能够实现真正的持久和平,“不排除”法国可能在和平协议签署后派遣部队保障乌克兰安全。
关于欧洲防务合作问题,马克龙说,欧洲建立一支统一军队“非常困难”,但他认为必须加强欧洲的安全和防务能力,为此需要增加国防支出占国内生产总值的比重。他希望欧洲“在未来几周内”共同投入大规模资金,购买和生产更多国防产品。他同时警告说,如果欧洲将采购的方向转向美国,那么“我们的战略自主权将不会得到加强”。
马克龙确认,他将于数日后前往美国与美国总统特朗普举行会谈。他认为,特朗普“给盟友带来了不确定性”。(完)
1. 2024年12月7日,法国总统马克龙(中)与美国当选总统特朗普(右)和乌克兰总统泽连斯基会晤后走出爱丽舍宫。新华社发(亨利·施瓦茨摄)