Connect with us

Politics, Law & Military

မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် အိုက်စ် (မက်သ်အဖက်တမင်း) ၅၀ ကီလိုဂရမ် ဖမ်းဆီးရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်တွင် အိုက်စ်(မက်သ်အဖက်တမင်း) မူးယစ်ဆေးဝါး ၅၀ ကီလိုဂရမ်အား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC) ၏ ဖေဖော်ဝါရီ ၂၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်တွင် ဖေဖော်ဝါရီ ၂၁ ရက်၌ မော်တော်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာတွင် မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း CCDAC က ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ကျပ်သိန်း ၄,၀၀၀ ရှိကြောင်း၊ ယင်းအမှုနှင့် ဆက်နွှယ်နေသည့် သံသယရှိသူတစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။
အဆိုပါ သံသယရှိသူအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များကို ဖော်ထုတ်လျက်ရှိကြောင်း CCDAC ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Xinhua)