Asia
အိန္ဒိယက အီရတ်တွင် အသတ်ခံရသည့် နိုင်ငံသား ၃၉ဦး၏ ရုပ်အလောင်းများအား ပြန်လည်သယ်ဆောင်မည်
နယူးဒေလီ၊ မတ် ၂၇ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံသည် အီရတ်နိုင်ငံတွင် IS စစ်သွေးကြွများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် အိန္ဒိယနိုင်ငံသား ၃၉ဦး၏ ရုပ်အလောင်းများကို ပြန်လည်သယ်ဆောင်မည်ဖြစ်ကြောင်း နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
ယင်းအကြောင်းအရာအား အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj က နယူးဒေလီမြို့၌ မတ် ၂၆ရက်တွင် သေဆုံးသူများ၏ မိသားစုဝင်များ နှင့် တွေ့ဆုံစဉ် အတည်ပြုပြောကြားခဲ့ခြင်းဖြစ်ကြောင်း မတ် ၂၇ ရက် သတင်းများတွင်ဖော်ပြခဲ့သည်။
ရုပ်အလောင်းများကို တစ်ပတ်အတွင်း အိန္ဒိယနိုင်ငံသို့ သယ်ဆောင်လာမည်ဖြစ်ကြောင်း နှင့် ယင်းရည်ရွယ်ချက်ဖြင့် အီရတ်နိုင်ငံသို့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး V.K Singh သွားရောက်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ သိရှိရသည်။
Swaraj က အီရတ်နိုင်ငံ မိုဆူးလ်တွင် ၂၀၁၄ခုနှစ်က IS စစ်သွေးကြွများပြန်ပေးဆွဲခဲ့သော ဆောက်လုပ်ရေးဝန်ထမ်း ၃၉ဦးစလုံး အသတ်ခံရကြောင်း လွန်ခဲ့သော ရက်သတ္တပတ်က အိန္ဒိယပါလီမန်တွင် ကြေညာခဲ့သည်။
၎င်းက အလုပ်သမားများ၏ ရုပ်အလောင်းများအား အစုလိုက်အပြုံလိုက်မြှုပ်နှံထားသည့် မြေတွင်းတစ်ခု၌တွေ့ရှိခဲ့ပြီး ၃၈ဦး၏ DNA မှာ ကိုက်ညီမှုရှိကြောင်းပြောကြားခဲ့သည်။ (Xinhua)