International Organizations
ရုရှား-ယူကရိန်း ပဋိပက္ခ လျင်လျင်မြန်မြန် အဆုံးသတ်ရန် တောင်းဆိုထားသော ဆုံးဖြတ်ချက်အား ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အတည်ပြု

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
ရုရှား-ယူကရိန်း ပဋိပက္ခ လုံးလုံးလျားလျား အရှိန်မြင့်တက်မှု သုံးနှစ်ပြည့်မြောက်ခဲ့မှုအပေါ် ကမ္ဘာ့နိုင်ငံများက ဂရုပြုလျက်ရှိစဉ် ယင်းပဋိပက္ခအား လျင်လျင်မြန်မြန် အဆုံးသတ်ရေး ပန်ကြားထားပြီး ရုရှားနှင့် ယူကရိန်းနိုင်ငံကြား ရေရှည် ငြိမ်းချမ်းရေးအတွက် တိုက်တွန်းထားသည့် အမေရိကန်က မူကြမ်းရေးဆွဲထားသော ဆုံးဖြတ်ချက်အဆိုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဖေဖော်ဝါရီ ၂၄ ရက်၌ အတည်ပြုခဲ့သည်။
ယင်းအဆိုအတွက် ထောက်ခံမဲ ၁၀ မဲ ရရှိခဲ့ကာ ကန့်ကွက်မဲမရှိဘဲ ပြင်သစ်၊ ဗြိတိန်၊ ဒိန်းမတ်၊ ဂရိနှင့် ဆလိုဗေးနီးယား စသော နိုင်ငံငါးနိုင်ငံက မဲမပေးဘဲကြားနေခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၌ ဖော်ပြချက်အရ ကုလသမဂ္ဂ၏ အဓိက ရည်ရွယ်ချက်မှာ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်၊ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန်ပင်ဖြစ်ကြောင်း ယင်းအဆို၌ ထပ်လောင်းဖော်ပြထားသည်။ ယင်းအဆို၌ ပဋိပက္ခ လျင်လျင်မြန်မြန် အဆုံးသတ်ရေးအတွက် ပန်ကြားထားကာ စစ်ပွဲအတွင်း အသက်ဆုံးရှုံးခဲ့သူများအတွက် ဝမ်းနည်းပူဆွေးကြောင်း ဖော်ပြထားသော်လည်း ရုရှားနိုင်ငံကိုမူ အပြစ်တင်ခဲ့ခြင်းမရှိပေ။
အဆိုပါ ဆုံးဖြတ်ချက်မှာ ငြိမ်းချမ်းရေး သဘောတူညီချက် မဟုတ်သော်လည်း ငြိမ်းချမ်းရေးဆီသို့ လျှောက်လှမ်းရာ လမ်းကြောင်းဖြစ်သည်ဟု လုံခြုံရေးကောင်စီ၌ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ခေတ္တသံအမတ်ကြီး ဒေါ်ရသီရှေးက ပြောကြားခဲ့သည်။
“ယူကရိန်းမှာ ငြိမ်းချမ်းရေးရဖို့ အချိန်တန်ပါပြီ” ဟု ကုလသမဂ္ဂ၏ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုင်ရာ Under-Secretary-General ရို့စ်မယ်ရီ ဒီကာလိုက လုံခြုံရေးကောင်စီ အစည်းအဝေး၌ ပြောကြားခဲ့ပြီး ယူကရိန်း ငြိမ်းချမ်းရေးမှာ တရားမျှတ၍ ရေရှည်တည်တံ့ကာ အလုံးစုံလွှမ်းခြုံမှု ရှိရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1pj
…………………….
(English Version)
UN Security Council adopts resolution calling for swift end to Russia-Ukraine conflict
UNITED NATIONS, Feb. 24 (Xinhua) — The UN Security Council on Monday adopted a U.S.-drafted resolution appealing for a swift end to the conflict and urging a lasting peace between Russia and Ukraine, as the world marked the third anniversary since the full escalation of the crisis.
The resolution received 10 votes in favor, none against, and five abstentions including France, Britain, Denmark, Greece and Slovenia.
The document reiterates that the principal purpose of the United Nations, as expressed in the Charter of the United Nations, is to maintain international peace and security and peacefully settle disputes. The resolution implores a swift end to the conflict and mourns the loss of life in the war, without blaming Russia.
Acting U.S. Ambassador to the UN Dorothy Shea told the council that this resolution is not a “peace deal,” but “a path to peace.”
“It is high time for peace in Ukraine,” UN Under-Secretary-General for Political and Peacebuilding Affairs Rosemary DiCarlo said during the Security Council meeting, while insisting that peace in Ukraine must be “just, sustainable and comprehensive.” xhtxs.cn/1pj
English Caption
This photo taken on Aug. 15, 2024 shows a Ukrainian tank destroyed during Russian attacks in Toretsk. (Photo by Peter Druk/Xinhua)