North America
ဥရောပသမဂ္ဂကို စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်ဟု ထရမ့် ပြောကြား

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
အမေရိကန်အနေဖြင့် ဥရောပသမဂ္ဂကို စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်ပြီး ၎င်းကို “အမြန်ဆုံး” ကြေညာသွားမည် ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ခြုံငုံပြောရမည်ဆိုလျှင် ဥရောပသမဂ္ဂအပေါ် စည်းကြပ်ခွန်နှုန်းထားကို ၂၅ ရာခိုင်နှုန်း သတ်မှတ်မည်ဖြစ်ပြီး ၎င်းမှာ မော်တော်ယာဉ်နှင့် အခြားသောကုန်ပစ္စည်းအမျိုးမျိုးတွင် အကျုံးဝင်ကြောင်း ထရမ့်က ယင်းနေ့ အိမ်ဖြူတော်၌ ကျင်းပသော အစိုးရအဖွဲ့ အစည်းအဝေး၌ မီဒီယာများအား ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂက “အမေရိကန်ကို အမြတ်ထုတ်နေ” ကြောင်း၊ အကြောင်းပြချက်အမျိုးမျိုးဖြင့် “အမေရိကန်ရဲ့ မော်တော်ယာဉ်နဲ့ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်တွေကို လက်ခံဖို့ ငြင်းဆန်နေ” ကြောင်း၊ အမေရိကန်နှင့် ဥရောပသမဂ္ဂကြားတွင် ကုန်သွယ်ရေးလိုငွေ “ကန်ဒေါ်လာ ဘီလီယံ ၃၀၀ ခန့်” ရှိကြောင်း ထရမ့်က ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံရေး သတင်းဝက်ဘ်ဆိုက် Politico ၏ ထိုမတိုင်မီက ထုတ်ပြန်သော သတင်းတွင် အမေရိကန်-ဥရောပ ကုန်သွယ်ရေးလိုငွေမှာ ထရမ့်ပြောသလောက် မများပြားကြောင်း ထောက်ပြထားသည်။ ဥရောပသမဂ္ဂ ကိန်းဂဏန်းများအရ ၂၀၂၃ ခုနှစ်တွင် အမေရိကန်နှင့် ဥရောပသမဂ္ဂ၏ ကုန်စည်ကုန်သွယ်ရေး လိုငွေမှာ ယူရို ၁၅၅.၈ ဘီလီယံ (ကန်ဒေါ်လာ ၁၆၈.၆ ဘီလီယံခန့်) ဖြစ်သော်လည်း ဝန်ဆောင်မှုကဏ္ဍ ကုန်သွယ်ရေးတွင် အမေရိကန်က ယူရို ၁၀၄ ဘီလီယံ (ကန်ဒေါ်လာ ၁၁၂.၆ ဘီလီယံခန့်) ပိုငွေ ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ ခြုံငုံပြောရမည်ဆိုလျှင် အမေရိကန်က ဥရောပသမဂ္ဂအပေါ် ကုန်သွယ်ရေးလိုငွေမှာ ယူရို ၅၁.၈ ဘီလီယံ (ကန်ဒေါ်လာ ၅၆ ဘီလီယံခန့်) ဖြစ်ကြောင်း သိရသည်။
နယ်စပ်ဒေသ စီမံထိန်းချုပ်မှု၏ တိုးတက်မှုကြောင့် မက္ကဆီကို၊ ကနေဒါတို့အပေါ် စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမှုအား ယာယီဆိုင်းငံ့မည်လော ဟု မေးမြန်းသည့်အပေါ် ထရမ့်က ၎င်းအနေဖြင့် စည်းကြပ်ခွန် အသက်ဝင်မှုကို ဟန့်တားမည်မဟုတ်ကြောင်း၊ အမေရိကန်အနေဖြင့် မက္ကဆီကို၊ ကနေဒါတို့အပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် အမေရိကန်စီးပွားရေးဝန်ကြီး Howard Lutnick က နိုင်ငံအသီးသီး၏ အလုံးစုံ စည်းကြပ်ခွန်လှုပ်ရှားမှုကို ဧပြီ ၂ ရက်တွင် လက်တွေ့ဖော်ဆောင်မည် ဖြစ်ကြောင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မက္ကဆီကို၊ ကနေဒါ နှစ်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများကို စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ထပ်တိုးကောက်ခံမည် ဖြစ်ပြီး ၎င်းတို့အနက် ကနေဒါ စွမ်းအင်ထုတ်ကုန်များ၏ ထပ်တိုးအခွန်နှုန်းထားမှာ ၁၀ ရာခိုင်နှုန်း ဖြစ်သော အမိန့်ကြေညာချက်တစ်ရပ်ကို ထရမ့်က ဖေဖော်ဝါရီ ၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ဖေဖော်ဝါရီ ၃ ရက်တွင် ထရမ့်က ယင်းနှစ်နိုင်ငံအပေါ် ထပ်တိုးစည်းကြပ်ခွန်အစီအမံများအား ဖော်ဆောင်ရန် ရက်ပေါင်း ၃၀ ဆိုင်းငံ့ထားပြီး ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းဆုံးဖြတ်ချက်အရ သက်ဆိုင်ရာ စည်းကြပ်ခွန်အစီအမံများသည် မတ် ၄ ရက်၌ အသက်ဝင်မည် ဖြစ်သည်။ မက္ကဆီကိုနှင့် ကနေဒါအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမည့်အစီအစဉ်များကို “သတ်မှတ်ကာလအတိုင်း တွန်းအားပေးဆောင်ရွက်သွားမည်” ဖြစ်ကြောင်း ထရမ့်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ ထို့အပြင် ထရမ့်က ဖေဖော်ဝါရီ ၁၃ ရက်တွင် စာချွန်လွှာတစ်စောင်လက်မှတ်ရေးထိုးကာ သက်ဆိုင်ရာဌာနများအား နိုင်ငံခြားကုန်သွယ်ရေးမိတ်ဖက်များနှင့် “အလားတူ စည်းကြပ်ခွန်” သတ်မှတ်အတည်ပြုရန် တောင်းဆိုခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
特朗普称将对欧盟征收25%关税
新华社华盛顿2月26日电(记者熊茂伶)美国总统特朗普26日说,美方已决定对欧盟征收25%关税,并将“很快”宣布。
特朗普当天在白宫举行内阁会议时对媒体说,整体来说,对欧盟关税税率将设定在25%,适用于汽车和其他各种商品。
特朗普还称,欧盟“占美国便宜”,以各种理由“拒绝接受美国的汽车和农产品”,美国和欧盟之间有大约“3000亿美元”的贸易逆差。
美国政治新闻网站《政治报》此前报道指出,美欧贸易逆差并没有特朗普所言这么大。根据欧盟的数据,2023年美国与欧盟的货物贸易逆差为1558亿欧元(约合1686亿美元),然而在服务贸易方面,美国实现了1040亿欧元(约合1126亿美元)顺差。整体而言,美国对欧盟的贸易逆差为518亿欧元(约合560亿美元)。
当被问及是否会因边境管控的进展而继续暂缓针对墨西哥、加拿大加征关税时,特朗普说,他不会阻止关税生效,美国将对墨西哥、加拿大征收25%关税。
此外,美国商务部长卢特尼克在会上说,针对各国的总体关税行动将于4月2日实施。
特朗普2月1日签署行政令,对进口自墨西哥、加拿大两国的产品加征25%的关税,其中对加拿大能源产品的加税幅度为10%。3日,特朗普宣布对两国加征关税措施暂缓30天实施,并继续进行谈判。根据这一决定,相关加征关税措施将于3月4日生效。特朗普24日称,对墨西哥和加拿大加征关税的计划将“如期推进”。此外,特朗普13日签署备忘录,要求相关部门确定与每个外国贸易伙伴的“对等关税”。(完)
1. 2月13日,美国总统特朗普在华盛顿白宫出席记者会。新华社记者 胡友松 摄