Connect with us

Videos

မိုးကုတ် နှစ်(၈ဝဝ) ပြည့် ပွဲတော် ဖွင့်ပွဲ အခမ်းအနားစည်ကားသိုက်မြိုက်စွာကျင်းပ

မန္တလေး၊ မတ်လ ၂၉ရက် (ဆင်ဟွာ)

မိုးကုတ် နှစ် ၈၀၀ ပြည့် ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ မတ်လ ၂၉ ရက်နေ့တွင် မိုးကုတ်မြိုတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်။

အခမ်းအနားသို့တက်ရောက်လာသော မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က မင်္ဂလာမောင်းအား သုံးချက်တီးပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ကာ ဝန်ကြီးချုပ်နှင့် အတူ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် အဖွင့် မိန့်ခွန်းကို ဝန်ကြီးချုပ်က မိန့်ကြားခဲ့ပြီး မြို့မိမြို့ဘ တစ်ဦးဖြစ်သူ ဦးသာဌေးနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် မိုးကုတ်သူ ဒေါ်သက်သက်ခိုင်တို့က အသီးသီး ကျေးဇူးတင် စကားများ ပြောကြားခဲ့ကြသည်။

ဝန်ကြီးချုပ်၏ အဖွင့် မိန့်ခွန်းတွင် ယခု ပွဲတော် ကြီး ဖြစ်မြောက်ရေးအတွက် မိုးကုတ်ဒေသရှိ တိုင်းရင်းသား ပြည်သူအားလုံးတို့က ဒီမိုကရေစီ စိတ်ဓာတ်ဖြင့် စည်းလုံး ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ကြခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် ဂုဏ်ယူပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ ပလောင်၊ ရှမ်း၊ ချင်း၊ လီဆူး နှင့် ဂေါ်ရခါး လူမျိူးများက ရိုးရာ ဝတ်စုံ အပြည့်ဖြင့် တက်ရောက်ခဲ့ကြရာ ဒေသခံ ပရိသတ်များ အပါအဝင် လူဦးရေ ခြောက်ထောင်ခန့် တက်ရောက်ခဲ့ကြသည်။

မိုးကုတ်နှစ် ၈ဝဝ ပြည့်အခမ်းအနားကို မတ်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ၃ ရက်ကြာကျင်းပမည်ဖြစ်ပြီး ထိုရက်များတွင် မိုးကုတ်ဒေသသို့ နိုင်ငံခြားသား ဧည့်သည်များအား ဝင်ရောက်လေ့လာခွင့် ပြုထားရုံသာမက ၎င်းတို့အတွက် ကျောက်မျက် ရတနာများကို ရောင်းချ ပေးလျက်ရှိကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.