North America
သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီချက်က အမေရိကန်-ယူကရိန်း အနာဂတ်ဆက်ဆံရေးအတွက် အခြေခံဖြစ်သည်ဟု ထရမ့် ပြောကြား

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)
အမေရိကန်-ယူကရိန်း သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီချက်က “အနာဂတ် ပို၍ စဉ်ဆက်မပြတ် ဖြစ်သည့် (အမေရိကန်-ယူကရိန်း) ဆက်ဆံရေး” အတွက် အခြေခံ ပံ့ပိုးပေးမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်း သမ္မတ ဇယ်လန်းစကီးက အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၁ နာရီတွင် အိမ်ဖြူတော်သို့ လာရောက်၍ သဘောတူညီချက် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။
ယင်းနေ့က အိမ်ဖြူတော်တွင် ထရမ့်သည် အမေရိကန်သို့ရောက်ရှိနေသော ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပရာတွင် ၎င်းက ယူကရိန်းအကျပ်အတည်းဖြေရှင်းရေး အဆင့်နှစ်ဆင့် ခွဲထားမည် ဖြစ်ကြောင်း၊ ပထမဦးစွာ အပစ်ရပ်ရေးကို “အလျင်အမြန်” ဖော်ဆောင်ရမည်ဖြစ်ပြီး ထို့နောက် “ရေရှည်ငြိမ်းချမ်းရေးသဘောတူညီချက်” ရရှိအောင် ဆက်လက်ရှာဖွေရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အဆင့် နှစ်ဆင့်ခွဲဖော်ဆောင်သည့် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး အစီအစဉ်သည် ၎င်းနှင့် ကီယာစတားမာ ဆွေးနွေးသော ရလဒ်ဖြစ်သည်။ ရုရှား-ယူကရိန်း အပစ်ရပ်ရေးသည် နှစ်ဖက် “ရေရှည် ငြိမ်းချမ်းရေး သဘောတူညီချက်” လက်မှတ်ရေးထိုးမှုအတွက် အခြေခံအုတ်မြစ် ချမှတ်ပေးမည်ဖြစ်ပြီး ထိုမှတစ်ဆင့် အရှေ့ဥရောပဒေသကို ပြန်လည်တည်ငြိမ်စေပြီး ဥရောပသာမက ကမ္ဘာ့အခြားနေရာများတွင် “ဤကဲ့သို့ ကြောက်မက်ဖွယ် စစ်မက်” ထပ်မံမဖြစ်ပွားရအောင် အာမခံနိုင်မည် ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
ကီယာစတားမားက ဗြိတိန်-အမေရိကန် နှစ်နိုင်ငံအနေဖြင့် ယင်းနေ့က “ခိုင်မာမှု၊ တရားမျှတမှုနှင့် အင်အားအထောက်အပံ့ပြုသည့်” ရုရှား-ယူကရိန်း ငြိမ်းချမ်ရေး အစီအစဉ် တစ်ရပ်ကို ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ဗြိတိန်အနေဖြင့် ယူကရိန်းသို့ မြေပြင်နှင့် လေကြောင်းတပ်ဖွဲ့များ စေလွှတ်ရန် သေချာကြောင်း၊ အနာဂတ် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက် ဖော်ဆောင်ရေးအတွက် ပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ “ဒါက ရေရှည်ငြိမ်းချမ်းရေး (အာမခံနိုင်မယ့်) တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ ဗြိတိန်အနေဖြင့် “အစွမ်းကုန် ကြိုးပမ်းသွားမည်” ဖြစ်ကြောင်း၊ ယူကရိန်းအတွက် ပိုမိုများပြားသော စစ်ရေး အကူအညီများ ပံ့ပိုးသွားမည် ဖြစ်ပြီး ဥရောပလုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရာတွင် “တာဝန်များကို ပိုမို ထမ်းဆောင်သွားမည်” ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အမေရိကန်သို့ မလာရောက်မီ ကီယာစတားမာက ဗြိတိန်အနေဖြင့် ၂၀၂၇ ခုနှစ်မတိုင်မီ နိုင်ငံတော်ကာကွယ်ရေး အသုံးစရိတ် အချိုးအဆကို ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ၏ ယခင် ၂.၃ ရာခိုင်နှုန်းမှ ၂.၅ ရာခိုင်နှုန်းသို့ တိုးမြှင့်မည်ဖြစ်ပြီး ထို့နောက် တစ်နှစ်တာအတွင်း ယင်းအချိုးအဆကို ၂.၆ ရာခိုင်နှုန်းအထိ ထပ်မံတိုးမြှင့်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်က ကြေညာခဲ့သည်။
ဖေဖော်ဝါရီ ၂၇ ရက် အစောပိုင်းက အိမ်ဖြူတော် ဘဲဥပုံရုံးခန်းတွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထရမ့်က အမေရိကန်လွှတ်တော်အနေဖြင့် ဗြိတိန်၊ ပြင်သစ် စသည့် နိုင်ငံများမှ ယူကရိန်းသို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့စေလွှတ်သော အခြေအနေမျိုးတွင် ဥရောပလုံခြုံရေးအတွက် “နောက်ခံအကာအကွယ်” ပေးမည်လောဆိုသည့် မေးခွန်းအပေါ် ရှောင်လွှဲခဲ့ရာ “ကျွန်တော်တို့ ငြိမ်းချမ်းရေး သဘောတူညီချက်မရှိခင် ငြိမ်းချမ်းရေးထိန်းသိမ်းမှု အရေးကိစ္စကို ကျွန်တော် မပြောချင်ဘူး” ဟု ဆိုသည်။
ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာ တို့သည် ယခုရက်သတ္တပတ်အတွင်း အမေရိကန်သို့ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာခဲ့ပြီး ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဖော်ဆောင်မှု နည်းလမ်းနှင့် ယင်းတွင် အမေရိကန်-ဥရောပတို့၏ အခန်းကဏ္ဍရေးရာကိစ္စရပ်များကို ထရမ့်နှင့် ဆွေးနွေးခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
特朗普:矿产协议是美乌未来关系之基
新华社华盛顿2月27日电(记者邓仙来)美国总统特朗普27日说,美乌矿产协议将为“未来更可持续的(美乌)关系”提供基础。他还透露,乌总统泽连斯基将于美东时间28日11时抵达白宫签署协议。
特朗普当天在白宫与到访的英国首相斯塔默举行会谈。他在会谈结束后举行的联合记者会上说,解决乌克兰危机将分为两个步骤,首先是“迅速”实现停火,继而寻求达成“长期和平协议”。上述分两阶段实施的俄乌和平计划是他与斯塔默讨论的结果。特朗普说,俄乌停火将为双方签署“长期和平协议”奠定基础,从而使东欧地区恢复稳定,确保欧洲乃至世界其他地方不再发生“这种可怕的战争”。
斯塔默表示,英美双方当天讨论了一项“坚实、公平且以力量支撑的”俄乌和平计划。英国确定将向乌克兰派遣地面和空中部队,为未来俄乌和平协议的执行提供支持,“这是(确保)持久和平的唯一方式”。英国还将“全力以赴”,为乌克兰提供更多军事援助,并在维护欧洲安全方面“扛起更多责任”。
访美前夕,斯塔默于25日宣布,英国将在2027年之前将国防支出在国内生产总值中的占比从当前的2.3%提升至2.5%,随后再用一年时间将该比例进一步提升至2.6%。 27日早些时候在白宫椭圆形办公室见记者时,特朗普回避了有关美国会否在英法等国向乌克兰派驻维和部队的情况下为欧洲安全提供“后盾”的问题,“在我们有和平协议之前,我不想谈论维和的问题”。
法国总统马克龙和英国首相斯塔默本周先后访美,与特朗普重点讨论实现俄乌和平的方式及美欧在其中扮演何种角色的问题。(完)
1. 2月27日,美国总统特朗普与英国首相斯塔默(未在画面中)在华盛顿白宫出席联合记者会。 美国总统特朗普27日在白宫与到访的英国首相斯塔默举行会谈。