China
တရုတ်-ရုရှား အရှေ့လမ်းကြောင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ စုစုပေါင်း ပို့ဆောင်သည့် သဘာဝဓာတ်ငွေ့ ပမာဏ ကုဗမီတာ ၉၀ ဘီလီယံကျော်ဖြင့် သမိုင်းစံချိန်သစ်ထပ်တင်

ဟားအယ်ပင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)
ဖေဖော်ဝါရီ ၂၅ ရက်အထိ တရုတ်-ရုရှား အရှေ့လမ်းကြောင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း စုစုပေါင်းပို့ဆောင်သော သဘာဝဓာတ်ငွေ့ ပမာဏသည် ကုဗမီတာ ၉၀ ဘီလီယံကျော်ဖြင့် သမိုင်းစံချိန်သစ် ထပ်တင်ခဲ့ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသသို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုစွမ်းရည်ကို များစွာ မြှင့်တင်လိုက်ခြင်းဖြစ်ပြီး လမ်းကြောင်းတစ်လျှောက် စီးပွားရေးနှင့် လူမှုရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အားသစ်လောင်းပေးခဲ့ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်တွင် Pipe China အရှေ့မြောက်ပိုင်းကုမ္ပဏီမှ သိရသည်။
Pipe China အရှေ့မြောက်ပိုင်းကုမ္ပဏီသည် ဆောင်းရာသီတွင် သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုနှင့် လည်ပတ်မှုအား အာမခံပေးသည့် နည်းလမ်းကို ကြိုတင်စီမံရေးဆွဲ၍ တရုတ်-ရုရှား အရှေ့လမ်းကြောင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ တစ်နှစ်တာပို့လွှတ်မှုပမာဏ ကုဗမီတာ ၃၈ ဘီလီယံ အပြည့်လည်ပတ်မှုကို အဆင်ပြေချောမွေ့စွာ ဖော်ဆောင်ရန် အင်တိုက်အားတိုက် တွန်းအားပေးဖော်ဆောင်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဆောင်းရာသီတွင် သဘာဝဓာတ်ငွေ့ပို့လွှတ်မှုကို အာမခံပေးလာကတည်းက တရုတ်-ရုရှား အရှေ့လမ်းကြောင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၁.၇၇ ဘီလီယံ ပို့လွှတ်ခဲ့ပြီး ယမန်နှစ် ကာလတူထက် ၁၃၀.၃၇ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
တရုတ်-ရုရှား အရှေ့လမ်းကြောင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် မြောက်ပိုင်းတွင် တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟေးဟော်မြို့မှစတင်ကာ တောင်ပိုင်းတွင် ရှန်ဟိုင်းမြို့အထိဖြစ်ပြီး စုစုပေါင်း အရှည် ၅,၁၁၁ ကီလိုမီတာရှိသည်။ ယင်းသည် တရုတ်နိုင်ငံတွင် အလွန်ကြီးမားသောအချင်း ၁,၄၂၂ မီလီမီတာ၊ အဆင့်မြင့်သတ္တု အဆင့် X80 နှင့် ဖိအားမြင့်အဆင့် ၁၂ MPa ကိုအသုံးပြုထားသည့် တရုတ်နိုင်ငံ၏ ပထမဆုံး ကမ္ဘာအဆင့်ရှိသော သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဖြစ်သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် တရုတ်-ရုရှား အရှေ့လမ်းကြောင်း၏ မြောက်ပိုင်းဘက်ကို စတင်လည်ပတ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် ပိုက်လိုင်းတစ်ခုလုံး စတင်လည်ပတ်ခဲ့သည်။ ပထမဆုံးနှစ် သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုပမာဏမှာ ကုဗမီတာ ၅ ဘီလီယံခန့်ဖြစ်ပြီး ထို့နောက်ပိုင်းတွင် ပို့လွှတ်မှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………
(Chinese Version)
900亿立方米!中俄东线天然气管道累计输气量再创历史新高
新华社哈尔滨2月27日电(记者孙晓宇)记者27日从国家管网集团东北公司获悉,截至2月25日,中俄东线天然气管道累计输气量突破900亿立方米,再创历史新高,大幅提升东北、华北及华东地区天然气供应能力,为沿线经济社会高质量发展注入强劲动能。
国家管网集团东北公司超前谋划冬季天然气保供运行方案,全力助推中俄东线天然气管道顺利实现年输量380亿立方米满负荷运行,2024年冬季保供以来,中俄东线天然气管道输送天然气117.70亿立方米,同比增长130.37%。
中俄东线天然气管道北起黑龙江黑河,南至上海,全长5111公里,是中国首条采用1422毫米超大口径、X80高钢级、12兆帕高压力等级、具有世界级水平的天然气管道工程。2019年12月2日,中俄东线北段正式投产,2024年12月2日全线贯通。首年输气量约50亿立方米,此后逐年增供。(完)
图说:2024年11月12日,中俄东线天然气管道和陕京天然气管道互联互通的枢纽站——永清联络压气站的工作人员在厂区内巡检。 新华社记者 王晓 摄