International Organizations
မျောက်ကျောက်ကပ်ရောဂါက “ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ” အဖြစ်ရှိနေဆဲဖြစ်ကြောင်း WHO ပြောကြား

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)
မျောက်ကျောက်ကပ်ရောဂါသည် “ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ” အဖြစ်ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက်စ်က ဖေဖော်ဝါရီ ၂၇ ရက်က ပြောကြားခဲ့သည်။
ယင်းသည် “နိုင်ငံတကာ ကျန်းမာရေး စည်းမျဉ်း (၂၀၀၅)” အရေးပေါ် ကော်မတီက သက်ဆိုင်ရာ အစည်းအဝေးများ ကျင်းပပြီးနောက် ကော်မတီ၏ အကြုံပြုချက်ကို ဂယ်ဘရက်စ်စက်စ်က လက်ခံပြီး ကြေညာလိုက်သော ဆုံးဖြတ်ချက်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းက မျောက်ကျောက်ကပ်ရောဂါနှင့် သက်ဆိုင်သည့် ပြန်လည်ပြင်ဆင်ထားသော ယာယီ အကြံပြုချက်များကို ထုတ်ပြန်ခဲ့သည်။ ယင်းတွင် ကပ်ရောဂါ တုံ့ပြန်မှု၊ ကပ်ရောဂါ စောင့်ကြည့်ထိန်းချုပ်မှု၊ ညှိနှိုင်းဆွေးနွေးရေးယန္တရားများထူထောင်ပြီး သက်ဆိုင်ရာ သိပ္ပံသုတေသန စသည်တို့ကို အားဖြည့်လုပ်ဆောင်ရေးတို့ ပါဝင်သည်။
မျောက်ကျောက်ရောဂါသည် တိရစ္ဆာန်နှင့် လူတို့တွင် ကူးစက်နိုင်သော ဗိုင်းရပ်စ်ရောဂါ (Zoonotic disease) တစ်မျိုး ဖြစ်သည်။ လူသားများတွင် မျောက်ကျောက်ရောဂါကူးစက်ခံရသော ကနဦးလက္ခဏာများတွင် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ ကျောအောင့်ခြင်း၊ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းတို့ဖြစ်ပြီး နောက်ပိုင်းတွင် မျက်နှာနှင့် ခန္ဓာကိုယ် နေရာအနှံ့တွင် အနီအစက်အဖုများ ပျံ့နှံ့ခြင်းတို့ ပါဝင်ပေသည်။ ရောဂါပိုးကူးစက်ခံရသူအများစုသည် ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်လည်သက်သာလာသော်လည်း အချို့ရောဂါကူးစက်သူများမှာ ရောဂါပြင်းထန်၍ သေဆုံးသည်အထိ ဖြစ်နိုင်သည်။
၂၀၂၂ ခုနှစ် မေလမှစ၍ ကမ္ဘာတစ်ဝန်း နိုင်ငံနှင့် ဒေသပေါင်း ၁၀၀ ကျော်တွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုရှိကြောင်း အစီရင်ခံခဲ့သည်။ ထိုနှစ် ဇူလိုင်တွင် WHO က မျောက်ကျောက်ကပ်ရောဂါသည် “ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ” ဟု ကြေညာခဲ့ပြီး ၂၀၂၃ ခုနှစ် မေလမှ ယင်းအခြေအနေကို ဖျက်သိမ်းခဲ့သည်။
၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်တွင် WHO က မျောက်ကျောက်ကပ်ရောဂါသည် “ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ” ဟု ထပ်မံ ကြေညာခဲ့သည်။ သေဆုံးနိုင်သည့် ပိုမိုပြင်းထန် မျောက်ကျောက် ဗိုင်းရပ်စ် အမျိုးအစားသစ်တစ်ခုသည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် လျင်မြန်စွာ ပျံ့နှံ့နေပြီး ယခင်က မျောက်ကျောက်ကပ်ရောဂါဖြစ်ပွားကြောင်း တစ်ခါမျှ အစီရင်မခံဖူးသော ဘူရွန်ဒီ၊ ကင်ညာ၊ ရဝမ်ဒါ၊ ယူဂန္ဓာ စသည့် အိမ်နီးချင်းနိုင်ငံများသို့ ပျံ့နှံ့ခဲ့ကြောင်း အဆိုပါနေ့တွင် WHO က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ တောင်ပိုင်း ကီဗူပြည်နယ်မြို့တော် ဘူကဗူမြို့ရှိ မျောက်ကျောက်ရောဂါကုသရေးစင်တာတွင် အလုပ်လုပ်ကိုင်သော ဆေးဘက်ဆိုင်ရာဝန်ထမ်းကို ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………………………………………
(Chinese Version)
世卫组织:猴痘疫情仍构成“国际关注的突发公共卫生事件”
新华社日内瓦2月27日电(记者王其冰)世界卫生组织总干事谭德塞27日说,猴痘疫情仍然构成“国际关注的突发公共卫生事件”。
这是在《国际卫生条例(2005)》紧急委员会举行相关会议后,谭德塞接受委员会建议宣布的决定。他同时发布了一系列有关猴痘疫情的修订后临时建议,涉及疫情应对、疫情监控、建立协调机制以及加强相关科研等。
猴痘是一种病毒性人畜共患病。人感染猴痘的初期症状包括发烧、头痛、肌肉酸痛、背痛、淋巴结肿大,之后可发展为面部和身体大范围皮疹。多数感染者会在几周内康复,但也有感染者病情严重甚至死亡。
2022年5月以来,全球100多个国家和地区报告猴痘病例。世界卫生组织同年7月宣布猴痘疫情构成“国际关注的突发公共卫生事件”,直到2023年5月才解除这一状态。
2024年8月14日,世卫组织再次宣布猴痘疫情构成“国际关注的突发公共卫生事件”。世卫组织当天发布的公报说,一种更加致命的猴痘病毒新毒株正在刚果(金)快速传播,并已蔓延至布隆迪、肯尼亚、卢旺达和乌干达等此前从未报告过猴痘病例的周边国家。(完)
图说1:2月26日,一名患者在刚果(金)南基伍省首府布卡武市一所猴痘治疗中心休息。
图说2:2月26日,医护人员在刚果(金)南基伍省首府布卡武市一所猴痘治疗中心工作。