Connect with us

China

တရုတ်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများကို စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ထပ်မံကောက်ခံမည့် အမေရိကန်၏ ခြိမ်းခြောက်မှုအပေါ် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တုံ့ပြန်

ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)
တစ်ဖက်သတ် အခွန်စည်းကြပ်ခြင်းက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်း၊ နိုင်ငံပေါင်းစုံကုန်သွယ်ရေးစနစ်ကို ဖျက်ဆီးခြင်း ဖြစ်သည်ကို တရုတ်နိုင်ငံက အကြိမ်ပေါင်းများစွာ ဖော်ပြပြီး ဖြစ်ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများကို စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ထပ်မံကောက်ခံမည့် အမေရိကန်၏ ခြိမ်းခြောက်မှုနှင့်စပ်လျဉ်း၍ သတင်းထောက်များ၏ မေးမြန်းမှုကို တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၂၈ ရက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံအနေဖြင့် အမှားကို ထပ်ခါတလဲလဲ မကျူးလွန်ရန်၊ ကွဲလွဲမှုများကို တန်းတူညီမျှ တွေ့ဆုံဆွေးနွေးခြင်းမှတစ်ဆင့် လျော်ကန်စွာ စီမံသော မှန်ကန်သည့် လမ်းကြောင်းကို အမြန်ဆုံး ပြန်လာရန် မျှော်လင့်ကြောင်း၊ အကယ်၍ အမေရိကန်အနေဖြင့် မိမိတစ်ဖက်တည်းဆန္ဒဖြင့် တဇွတ်ထိုး ဆောင်ရွက်မည်ဆိုလျှင် တရုတ်နိုင်ငံက လိုအပ်သည့် တန်ပြန်အစီအမံ အားလုံးကို ဆောင်ရွက်ကာ မိမိ၏ တရားဝင် အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သတင်းထောက်တစ်ဦးက အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ဖေဖော်ဝါရီ ၂၇ ရက်တွင် အမေရိကန်က ဖန်တာနိုင်းလ်ကို အကြောင်းပြကာ မတ်လ ၄ ရက်မှ စ၍ တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်သွင်းသော ကုန်ပစ္စည်းများအား စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ထပ်တိုးကောက်ခံမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ထိုမေးမြန်းချက်အား တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံက ကမ္ဘာတွင် မူးယစ်ဆေးဝါး တားမြစ်တိုက်ဖျက်ရေး မူဝါဒ အတင်းကျပ်ဆုံး၊ အဆုံးစွန် လက်တွေ့ဖော်ဆောင်မှု အရှိဆုံးသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မူးယစ်ဆေးဝါး တားမြစ်တိုက်ဖျက်ရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ဆောင်ရွက်ခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ အမေရိကန်ကမူ ဓမ္မဓိဋ္ဌာန်ကျသည့် ဖြစ်ရပ်မှန်ကို အစဉ် မျက်ကွယ်ပြုကာ ထိုမတိုင်မီကလည်း ဖန်တာနိုင်းလ် စသည်တို့ကို အကြောင်းပြ၍ တရုတ်နိုင်ငံအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းကောက်ခံခဲ့ကြောင်း၊ ယခုအခါ အခွန်ထပ်မံကောက်ခံမည်ဟု ခြိမ်းခြောက်ပြန်ကြောင်း၊ ဤလုပ်ရပ်သည် “တာဝန်မယူ ခေါင်းရှောင်မှု” သက်သက်ဖြစ်ပြီး မိမိပင်ကိုပြဿနာကို ဖြေရှင်းရာတွင် အကျိုးမရှိသလို အမေရိကန် ကုမ္ပဏီလုပ်ငန်းနှင့် စားသုံးသူများအပေါ် ပို၍ ဝန်ပိစေပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းကွင်းဆက် တည်ငြိမ်မှုကိုလည်း ပျက်စီးစေကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………..
(Chinese Version)
商务部回应美威胁对中国输美产品再加征10%关税
新华社北京2月28日电 商务部新闻发言人2月28日就美方威胁对中国输美产品再加征10%关税答记者问时表示,中方多次表明,单边关税违反世贸组织规则,破坏多边贸易体制。中方对此坚决反对。中方希望美方不要一错再错,尽快回到通过平等对话妥善解决分歧的正确轨道。如果美方一意孤行,中方将采取一切必要反制措施,捍卫自身合法权益。
有记者问,美国东部时间2月27日,美方威胁将于3月4日起以芬太尼为由对中国输美产品再加征10%关税。中方对此有何评论?商务部新闻发言人作出上述表述。
发言人说,中国是世界上禁毒政策最严格、执行最彻底的国家之一,积极与包括美国在内的世界各国开展禁毒国际合作。美方却始终无视客观事实,此前以芬太尼等为由对中国加征10%关税,这次又威胁再次加征关税。这种行为纯属“甩锅推责”,无益于解决自身问题,还会加剧美国企业和消费者负担,并破坏全球产业链稳定。(完)