Connect with us

မြန်မာ-ENG

ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအတွက် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ဆွေးနွေးညှိနှိုင်းမှုများ စတင်

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း၊ ခန်းယွန်းနစ်မြို့၌ ပြန်လွတ်မြောက်လာသော ပါလက်စတိုင်း အကျဉ်းသားတစ်ဦးကို ကြိုဆိုနေသူများအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံနှင့် ကာတာနိုင်ငံတို့မှ ကိုယ်စားလှယ်များမှာ ဂါဇာအပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် အီဂျစ်နိုင်ငံ၏မြို့တော် ကိုင်ရိုသို့ ဖေဖော်ဝါရီ ၂၇ ရက်၌ ရောက်ရှိလာခဲ့ကာ အမေရိကန်နိုင်ငံမှ ကိုယ်စားလှယ်များလည်း ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း အီဂျစ်သတင်းဌာန State Information Service (SIS) ၏ ဖော်ပြချက်အရ သိရသည်။
သက်ဆိုင်ရာ အဖွဲ့များအနေဖြင့် လက်ရှိအသက်ဝင်လျက်ရှိသော ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီမှု၏ နောက်ထပ်အဆင့်များအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကာ တစ်ဖက်တွင်လည်း ယခင်ရရှိထားသော သဘောတူညီမှုများကို အသေအချာ အကောင်အထည်ဖော်ရေး နည်းလမ်းများကို ကိုင်တွယ်စီမံလျက်ရှိကြောင်း SIS က သတင်းထုတ်ပြန်ခဲ့သည်။
ဆွေးနွေးညှိနှိုင်းသူများအနေဖြင့် ဂါဇာဒေသခံများ၏ အတိဒုက္ခများ လျော့ပါးသက်သာရေး ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ဒေသအဖြစ် ဂါဇာသို့ လူသားချင်းစာနာမှု အကူအညီပေးပို့မှု တိုးမြှင့်နိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ဆက်လက်ဖော်ဆောင်ရေး ဆွေးနွေးညှိနှိုင်းရန်အတွက် အစ္စရေး ကိုယ်စားလှယ်အဖွဲ့အား ကိုင်ရိုသို့ စေလွှတ်ထားကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ဖေဖော်ဝါရီ ၂၇ ရက် အစောပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
အပစ်အခတ်ရပ်စဲမှု ပထမအဆင့်အရ အစ္စရေး ဓားစာခံများနှင့် ပါလက်စတိုင်း အကျဉ်းသားများ နောက်ဆုံးအသုတ် လဲလှယ်မှုကို ဖေဖော်ဝါရီ ၂၆ ရက်နှင့် ၂၇ ရက်ကြား ညအချိန်၌ အပြီးသတ်လုပ်ဆောင်ခဲ့ပြီးနောက် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆင့်သုံးဆင့် ပါဝင်သော သဘောတူညီချက်၏ ၄၂ ရက်ကြာ ကနဦးအဆင့် သဘောတူညီချက်မှာ မတ် ၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1t1


………………………..
(English Version)
Negotiations on Gaza truce deal begin in Egypt’s Cairo
CAIRO, Feb. 27 (Xinhua) — Israeli and Qatari delegations arrived in the Egyptian capital of Cairo on Thursday for Gaza ceasefire talks, with the participation of U.S. representatives, according to Egypt’s State Information Service (SIS).
The SIS said in a statement that the concerned parties have begun intensive discussions “on the next stages of the ongoing Gaza truce deal,” while addressing ways to ensure the implementation of the previously agreed-upon understandings.
The negotiators also touched upon means to enhance the delivery of humanitarian aid to the Gaza Strip, as part of the efforts to alleviate the suffering of its people and further support stability in the region, it added.
Earlier in the day, the Israeli Prime Minister’s Office announced that an Israeli negotiating delegation was sent to Cairo to continue the ceasefire talks, without providing further details.
The announcement came after the final exchange of Israeli hostages and Palestinian prisoners under the first phase of the truce was completed overnight between Wednesday and Thursday. The 42-day initial phase of the three-stage agreement is set to expire on Saturday.xhtxs.cn/1t1
English Caption
People welcome a released Palestinian prisoner in the southern Gaza Strip city of Khan Younis, on Feb. 27, 2025. (Photo by Rizek Abdeljawad/Xinhua)