China
ဝမ်ရိနှင့် ရုရှား ဖက်ဒရေးရှင်း လုံခြုံရေးကောင်စီ အတွင်းရေးမှူး Sergei Shoigu မဟာဗျူဟာ ညှိနှိုင်းဆွေးနွေး

ပေကျင်း၊ မတ် ၁ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် ရုရှား ဖက်ဒရေးရှင်း လုံခြုံရေးကောင်စီ အတွင်းရေးမှူး Sergei Shoigu နှင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်သည် သမ္မတ ပူတင်နှင့် ယခုနှစ်ဆန်းက ဗီဒီယိုဖြင့် ဆွေးနွေးပြီးနောက် လတ်တလောရက်ပိုင်းအတွင်း ဖုန်းဖြင့် ထပ်မံဆက်သွယ်ခဲ့ရာ အခြေအနေအသစ်တွင် တရုတ်-ရုရှား မဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှုကို ထဲထဲဝင်ဝင်လုပ်ဆောင်ခြင်း၊ နိုင်ငံတကာအခြေအနေ တည်ငြိမ်မှု မြှင့်တင်ရေးတို့နှင့် စပ်လျဉ်း၍ မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီး တရုတ်-ရုရှားဆက်ဆံရေး၏ အဆင့်အတန်းမြင့်မားမှုနှင့် ထူးခြားမှုကို အပြည့်အဝ ပေါ်လွင်စေသလို တရုတ်-ရုရှား နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် နိုင်ငံကြီးခေါင်းဆောင်များ၏ တာဝန်ယူမှုကို ထင်ဟပ်စေကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ၏ ဘုံသဘောတူညီချက်အား အကောင်အထည်ဖော်ဆောင်မှုကို အခြေခံအဖြစ်လိုက်နာကာ နီးကပ်စွာညှိနှိုင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားပြီး မဟာဗျူဟာ လုံခြုံရေးကဏ္ဍတွင် အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် နက်ရှိုင်းစွာ ဖော်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက ခေတ်သစ် တရုတ်-ရုရှားဆက်ဆံရေးသည် စစ်အေးအသွင် စစ်ရေးမဟာမိတ်ပုံစံထက် ကျော်လွန်နေရုံသာမက အုပ်စုဖွဲ့ အတိုက်အခံပြုလုပ်သည့်ပုံစံ အတွေးအခေါ်ဟောင်းများထက်လည်း ကျော်လွန်နေပြီး နိုင်ငံကြီးဆက်ဆံရေးပုံစံသစ်၏ ကြံ့ကြံ့ခံနိုင်မှုနှင့် ပြည့်ဝမှုကို ပိုမိုထင်ဟပ်လာကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာဦးဆောင်မှုအောက်တွင် တရုတ်-ရုရှားဆက်ဆံရေးသည် အစဉ်အမြဲ မယိမ်းမယိုင် ကျောက်တောင်သဖွယ် တည်တံ့ပြီး ကျောက်သားသဖွယ် ခိုင်မြဲနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Sergei Shoigu က နှစ်နိုင်ငံခေါင်းဆောင်များက ရုရှား-တရုတ်ဆက်ဆံရေးနှင့် မဟာဗျူဟာညှိနှိုင်းမှုအတွက် ဖွံ့ဖြိုးတိုးတက်မှုလားရာကို လမ်းညွှန်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ရုရှား-တရုတ်သည် မြင့်မားသော နိုင်ငံရေးနှင့် မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှုရှိကြပြီး ပြင်ပအကြောင်းများကြောင့် သက်ရောက်ခံရမှုမရှိကြောင်း၊ ရုရှား-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် နှစ်ဖက်၏ အခိုင်အမာရွေးချယ်ချက်ဖြစ်ကာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့်ကိုက်ညီကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မှုနှင့် ထိပ်သီးအစည်းအဝေး ကျင်းပမှုများကို ရုရှားဘက်က အစွမ်းကုန် ပူးပေါင်းသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားများကို ကောင်းမွန်စွာ ကျင်းပသွားရန် ဆန္ဒရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက်က ယူကရိန်းအကျပ်အတည်းနှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ နှစ်ဖက်အနေဖြင့် သင့်လျော်သည့်အချိန်တွင် တရုတ်-ရုရှား မဟာဗျူဟာမြောက် လုံခြုံရေး ဆွေးနွေးညှိနှိုင်းပွဲ အသစ်တစ်ကြိမ် ကျင်းပရန် သဘောတူညီခဲ့ကြပြီး အာရှပစိဖိတ်၊ အရှေ့အလယ်ပိုင်း၊ အာဖဂန်နစ္စတန် စသည့် အတူတကွ ဂရုပြုသော နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများနှင့်စပ်လျဉ်း၍လည်း အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ရုရှား ဖက်ဒရေးရှင်း လုံခြုံရေးကောင်စီ အတွင်းရေးမှူး Sergei Shoigu တို့ ဖေဖော်ဝါရီ ၂၈ ရက်တွင် ပေကျင်း၌ တွေ့ဆုံစဉ် (ဆင်ဟွာ)
…………………..
(Chinese Version)
王毅同俄罗斯联邦安全会议秘书绍伊古进行战略沟通
新华社北京2月28日电(记者董雪)2月28日,中共中央政治局委员、中央外办主任王毅在北京会见俄罗斯联邦安全会议秘书绍伊古。
王毅表示,习近平主席近日同普京总统继年初视频会晤后再次通话,就新形势下深化中俄战略协作、促进国际局势稳定进行战略沟通,充分体现中俄关系的高水平和特殊性,彰显了中俄元首的大国领袖担当。双方要以落实两国元首共识为根本遵循,保持密切协调,持续深化在战略安全领域的互信与合作。
王毅说,新时代中俄关系不仅超越冷战式军事同盟模式,也超越阵营对抗式陈旧思维,越来越展现出新型大国关系的韧性和从容。在两国元首战略引领下,中俄关系将一如既往,稳如泰山,坚如磐石,不可撼动。
绍伊古表示,两国元首为俄中关系和战略协作指明了发展方向。俄中拥有高度的政治和战略互信,不受任何外部因素影响。俄中全面战略协作伙伴关系是双方作出的坚定选择,符合两国和两国人民的根本利益。俄方将全力配合中方轮值上海合作组织主席国工作及举办峰会,也愿同中方共同办好二战胜利80周年纪念活动。
双方就乌克兰危机问题深入交换意见。双方同意适时举行新一轮中俄战略安全磋商。双方还就亚太、中东、阿富汗等共同关心的国际和地区问题交换了意见。(完)
图说:2月28日,中共中央政治局委员、中央外办主任王毅在北京会见俄罗斯联邦安全会议秘书绍伊古。新华社记者 丁海涛 摄