North America
ထရမ့်အစိုးရက ယူကရိန်းအပေါ် “ထောက်ပံ့မှု ဖြတ်တောက်ရန်” မတ်လ ၃ ရက်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန်မီဒီယာ ဆို

ဝါရှင်တန်၊ မတ် ၃ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ထရမ့်က မတ်လ ၃ ရက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ ကာကွယ်ရေးဝန်ကြီး Pete Hegseth စသည်တို့နှင့် အစည်းအဝေးကျင်းပမည်ဖြစ်ပြီး ယူကရိန်းအတွက် စစ်ရေးအကူအညီများကို ယာယီရပ်တန့်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းများအပါအဝင် ယူကရိန်းအပေါ် ဆောင်ရွက်မည့်အစီအမံ များစွာကို လေ့လာ၍ ချမှတ်နိုင်ကြောင်း အမေရိကန် “The New York Times” မတ်လ ၂ ရက် သတင်းအရ သိရသည်။
မတ်လ ၃ ရက် အစည်းအဝေးတွင် “ယူကရိန်းအား ပစ်မှတ်ထားသော မူဝါဒ ရွေးချယ်မှု များစွာကို ထည့်သွင်းစဉ်းစား၍ လုပ်ဆောင်နိုင်” မည်ဖြစ်ကြောင်း၊ ယင်းသည် “အမေရိကန်၏ ဘိုင်ဒန်အစိုးရလက်ထက်က အတည်ပြု၍ ငွေပေးချေးပြီးခဲ့သော နောက်ဆုံးတစ်သုတ် ခဲယမ်းနှင့် လက်နက်ကိရိယာများအပါအဝင် ယူကရိန်းအပေါ် စစ်ရေးအကူအညီများကို ယာယီရပ်တန့်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း” နှင့် ပတ်သက်ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦး၏ စကားကို ကိုးကား၍ သတင်းတွင် ရေးသားဖော်ပြခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
美媒:特朗普政府3日讨论对乌“断供”
新华社华盛顿3月2日电 据美国《纽约时报》2日报道,美国总统特朗普3日将召集国务卿鲁比奥和国防部长赫格塞思等人开会,研究并可能对乌克兰采取一系列措施,包括暂停或取消对乌军事援助。
报道援引一名匿名美国官员的话写道,3日的会议将“考虑并可能就一系列针对乌克兰的政策选项采取行动”,涉及“暂停或取消美国对乌克兰军事援助,其中包括拜登政府期间批准并已付款的最后一批弹药和装备”。(完)