Connect with us

China

CEPA သဘောတူညီချက် အဆင့်သစ်သို့ ရောက်ရှိလာစဉ် နိုင်ငံလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုံးစုံပေါင်းစည်းမှုကို ဟောင်ကောင် အရှိန်အဟုန်မြှင့်တင်

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ဒေသရှိ Avenue of Stars သို့ လာရောက်လည်ပတ်နေသည့် ခရီးသွားများကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ မတ် ၄ ရက် (ဆင်ဟွာ)
တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်ကြား ဝန်ဆောင်မှုလုပ်ငန်းများ ကုန်သွယ်ခြင်းအတွက် ပိုမိုနီးကပ်သော စီးပွားရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (CEPA) သဘောတူညီချက် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ ဒုတိယမြောက် သဘောတူညီချက်အား မတ် ၁ ရက်၌ စတင်အကောင်အထည်ဖော်ခဲ့ရာ ဟောင်ကောင်အနေဖြင့် နိုင်ငံလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုံးစုံ ပေါင်းစည်းမှုကို အရှိန်အဟုန်မြှင့်တင်ရန် အခွင့်အလမ်း ရရှိသွားပြီဖြစ်သည်။
အဆိုပါ ဒုတိယမြောက် သဘောတူညီချက်အရ တရုတ်ပြည်မကြီးရှိ ဝန်ဆောင်မှုလုပ်ငန်း ဈေးကွက်ထဲသို့ ဟောင်ကောင်အား ပိုမိုတံခါးဖွင့်ကြိုဆိုမည်ဖြစ်ရာ ဟောင်ကောင် စီးပွားရေးလုပ်ငန်းများနှင့် အတတ်ပညာရှင်များအနေဖြင့် တရုတ်ဈေးကွက်ထဲသို့ ဝင်ရောက်ရာတွင် အထူးအခွင့်အရေးများ ပိုမိုရရှိစေမည်ဖြစ်သည်။
တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့က CEPA သဘောတူညီချက်အား ၂၀၀၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကျယ်ပြန့်၍ ခေတ်မီသော လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်အဖြစ် အဆင့်မြှင့်တင်ထားရာ ဟောင်ကောင်အတွက် ကြီးမားသော စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များကို ဖြစ်ထွန်းစေခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1yv


……………………
(English Version)
Hong Kong accelerates integration into national development as CEPA enters new stage
HONG KONG, March 3 (Xinhua) — The Second Agreement Concerning Amendment to the Mainland and Hong Kong Closer Economic Partnership Arrangement (CEPA) Agreement on Trade in Services (agreement II) was implemented on Saturday, allowing Hong Kong to accelerate its integration into the overall national development.
The agreement II further opens up the services market of the Chinese mainland to Hong Kong, enabling Hong Kong businesses and professionals to enter the mainland market with more preferential treatments.
The mainland and Hong Kong signed CEPA in 2003. CEPA has now been upgraded to a comprehensive and modern free trade agreement and has brought significant economic benefits to Hong Kong. xhtxs.cn/1yv
English Caption 1
Tourists visit the Avenue of Stars in Hong Kong, south China, Oct. 3, 2024. (Xinhua/Chen Duo)