China
တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားအောက်တွင် အမေရိကန်၏ နောက်ဆုံးစည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှု အစီအမံကို တရားစွဲဆိုပြီးဖြစ်

ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ)
အမေရိကန် အရှေ့ပိုင်း ဒေသစံတော်ချိန် မတ် ၃ ရက်တွင် အမေရိကန်က မူလက ၁၀ ရာခိုင်နှုန်း စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံသည့် အခြေခံပေါ်တွင် တရုတ်နိုင်ငံ၏ သက်ဆိုင်ရာ ကုန်ပစ္စည်းများအား စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့် ကောက်ခံသွားမည်ဟု ကြေညာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားအောက်တွင် အမေရိကန်၏ နောက်ဆုံး စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှု အစီအမံကို တရားစွဲဆိုပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်၏ တစ်ဖက်သတ် စည်းကြပ်ခွန် ကောက်ခံသည့် အစီအမံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းကို ဆိုးရွားစွာ ချိုးဖောက်နေပြီး တရုတ်-အမေရိကန် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခြေခံကို ဖျက်ဆီးလျက်ရှိသဖြင့် တရုတ်နိုင်ငံက ပြင်းပြင်းထန် ပြတ်သားစွာ ကန့်ကွက်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းနှင့်အညီ မိမိ၏တရားဝင် လုပ်ပိုင်ခွင့်နှင့် အကျိုးစီးပွားကို အခိုင်အမာကာကွယ်စောင့်ရှောက်ပြီး နိုင်ငံစုံကုန်သွယ်ရေး ယန္တရားနှင့် နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စီးပွားရေးစည်းစနစ်ကို ကာကွယ်သွားမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua)
————————
(Chinese Version)
中国已在世贸组织争端解决机制下起诉美方最新加征关税措施
新华社北京3月4日电 商务部新闻发言人4日表示,美东时间3月3日,美方宣布在原10%加征关税基础上对中国有关产品再次加征10%关税,中方已在世贸组织争端解决机制下起诉美方最新加征关税措施。
发言人说,美方单边征税措施严重违反世贸组织规则,破坏中美两国经贸合作基础,中方强烈不满和坚决反对。中方将根据世贸组织规则,坚定维护自身合法权益,捍卫多边贸易体制和国际经贸秩序。(完)