Connect with us

Europe

၂၀၂၅ ခုနှစ် ပထမအကြိမ် ကလပ်ကမ္ဘာ့ဖလား ဗာရှင်းအသစ်၏ ပြိုင်ပွဲဝင် ဆုကြေးငွေ ကန်ဒေါ်လာ ၁ ဘီလီယံအထိ ရှိမည်ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဆို

မဲနှိုက်အခမ်းအနားတွင် ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုဖလားနှင့် အတူဓာတ်ပုံရိုက်ကူးနေသော ဖီဖာ ဥက္ကဋ္ဌ Gianni Infantino (ဝဲ) ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မတ် ၆ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ပထမအကြိမ် ကလပ်ကမ္ဘာ့ဖလား ဗာရှင်းအသစ်အနေဖြင့် ပါဝင်ယှဉ်ပြိုင်သော ဘောလုံးအသင်းများအတွက် စုစုပေါင်း ကန်ဒေါ်လာ ၁ ဘီလီယံ (၁ ကန်ဒေါ်လာ= ၇.၂၅ ယွမ်ခန့်) ဆုကြေးငွေ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က မတ် ၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်.

ဘောလုံးအသင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင်မည့် ပထမအကြိမ် ကလပ်ကမ္ဘာ့ဖလား ဗာရှင်းအသစ်ကို ၂၀၂၅ ခုနှစ် ဇွန်လတွင် အမေရိကန်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ ယခုအကြိမ် ကလပ်ကမ္ဘာ့ဖလားမှ ဝင်ငွေ ကန်ဒေါ်လာ ၂ ဘီလီယံ ခန့်မှန်းထားပြီး ပါဝင်ယှဉ်ပြိုင်သည့် ဘောလုံးအသင်းများ၏ ဆုကြေးငွေ အပြင် ကမ္ဘာ့အနှံ့မှ ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခြင်းမရှိသေးသော ကလပ်များအတွက်လည်း နှစ်လိုဖွယ်ရှိသော စည်းလုံးညီညွတ်မှု ဆုကြေးငွေ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဖီဖာက ပြောကြားခဲ့သည်။

“ယခုအကြိမ် ကလပ်ကမ္ဘာ့ဖလားက ထိပ်တန်း ကလပ်ပြိုင်ပွဲများ ဖြစ်လာရုံသာမက တစ်ချိန်တည်းမှာပဲ ဘောလုံးကဏ္ဍရဲ့ ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုကြီးကိုလည်း သက်ဝင်စွာ ပြသလိုက်ခြင်းဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒီလိုပြိုင်ပွဲတစ်ခုတည်းကနေ ဒီလောက်များပြားတဲ့ ကလပ်တွေကို အကျိုးအမြတ်ရရှိစေတာ မရှိသေးဘူး”၊ ၂၀၂၅ ခုနှစ် ကလပ်ကမ္ဘာ့ဖလားမှ ရရှိသော ဝင်ငွေအားလုံးကို ကလပ်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ဖီဖာ ဥက္ကဋ္ဌ Gianni Infantino က ပြောကြားခဲ့သည်။

ဖီဖာအနေဖြင့် ၂၀၂၈ ခုနှစ်တွင် ပထမအကြိမ် အမျိုးသမီးဘောလုံးကလပ်ကမ္ဘာ့ဖလား ကျင်းပမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကို လေးနှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်ပြီး ကုန်းမြေတိုက်ကြီးအသီးသီးမှ ထိပ်တန်းအမျိုးသမီးဘောလုံးအသင်း ၁၉ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ယင်းအနက် ဘောလုံးအသင်း ၆ သင်းက ဦးစွာ playoff ပွဲစဉ်တွင် ပါဝင်ယှဉ်ပြိုင်ပြီး playoff ပွဲတွင် အနိုင်ရရှိသော အသင်း ၃ သင်းသည် အခြားသော ဘောလုံးအသင်း ၁၃ သင်းနှင့် အတူ အဓိကပြိုင်ပွဲတွင် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် ၂၀၂၆ ခုနှစ်မှစ၍ ဖီဖာသည် အမျိုးသမီး ဘောလုံးကလပ်ကမ္ဘာ့ဖလား မရှိသေးသည့် နှစ်များတွင် အမျိုးသမီးချန်ပီယံဖလားကျင်းပမည်ဖြစ်ပြီး FIFA Intercontinental Cup တွင် အမျိုးသမီးဘောလုံးချန်ပီယံ ကလပ်အသင်း ၆ သင်းက ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။

၂၀၃၁ ခုနှစ်နှင့် ၂၀၃၅ ခုနှစ် အမျိုးသမီး ဘောလုံးကမ္ဘာ့ဖလား ကျင်းပရန် လျှောက်ထားခြင်း လုပ်ငန်းစဉ်များ စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ဖီဖာက တစ်ချိန်တည်းမှာပင် ထပ်မံကြေညာခဲ့သည်။ ဖီဖာက အာဖရိကဘောလုံးအဖွဲ့ချုပ်နှင့် မြောက်၊ အလယ်ပိုင်းအမေရိကဘောလုံးအဖွဲ့ချုပ်တို့၏ အသင်းဝင်များအသင်းအား ၂၀၃၁ ခုနှစ် အမျိုးသမီးဘောလုံးကမ္ဘာ့ဖလား ကျင်းပရေး လျှောက်ထားရန် ဖိတ်ခေါ်ခဲ့ပြီး အာဖရိကဘောလုံးအဖွဲ့ချုပ်နှင့် ဥရောပဘောလုံးအဖွဲ့ချုပ်တို့၏ အသင်းဝင်များအသင်းက ၂၀၃၅ ခုနှစ် အမျိုးသမီးဘောလုံးကမ္ဘာ့ဖလား ကျင်းပရေး လျှောက်ထားပြီးဖြစ်ကြောင်း၊ လျှောက်ထားမှုရလဒ်ကို ၂၀၂၆ ခုနှစ် ဒုတိယ သုံးလပတ်တွင် ကြေညာမည်ဖြစ်ကြောင်း ဖီဖာက ပြောကြားခဲ့သည်။ (Xinhua)
……………………………………….
(Chinese Version)
国际足联:2025首届新版世俱杯参赛奖金达10亿美元
新华社日内瓦3月5日电 国际足联5日发表公告宣布,将为2025首届新版国际足联世俱杯参赛球队提供总计10亿美元(1美元约合7.25元人民币)的参赛奖金。
首届由32支球队参赛的新版世俱杯将于2025年6月在美国开赛。国际足联表示,本届世俱杯预计收入为20亿美元,除参赛球队奖金外,国际足联还将给世界各地的未参赛俱乐部发放一笔可观的团结奖金。
“本届世俱杯不仅会成为最顶级的俱乐部赛事,同时也是足球世界大团结的生动展示,因为从没有一项赛事能让如此多的俱乐部从中受益。”国际足联主席因凡蒂诺表示,国际足联将把2025世俱杯的全部收入用于支持俱乐部发展。
公告表示,国际足联将在2028年举办首届女足世俱杯,比赛每四年举办一次,将有来自各大洲的19家顶级女足俱乐部参赛。其中,6支球队首先参加附加赛,从附加赛中获胜的3支球队将与其他13支球队一起进入正赛。此外,从2026年起,国际足联将在没有女足世俱杯的年份举办女足冠军杯,由六个洲际足联年度女足赛事冠军俱乐部参加。
国际足联同时宣布,将启动2031年和2035年女足世界杯申办程序。国际足联邀请非洲足联和北中美足联的会员协会申办2031年女足世界杯,非洲足联和欧足联的会员协会申办2035年女足世界杯。申办结果将于2026年第二季度公布。(完)
图说:12月5日,国际足联主席因凡蒂诺(左)在抽签仪式上与世俱杯冠军奖杯合影。新华社记者 吴晓凌 摄