Connect with us

Videos

အနောက်ပစိဖိတ်သမုဒ္ဒရာအတွင်း ရှားပါးရေသတ္တဝါမျိုးစိတ်များကိုတရုတ်လေ့လာ

ပေကျင်း၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

တရုတ်သုတေသနသင်္ဘော Kexue က အနောက်ပစိဖိတ်သမုဒ္ဒရာအတွင်း ရေအောက် မီတာ ၁၃ဝဝ အနက်သို့ တွင် အမြင့် ၄၃ဝဝ ရှိသည့် ရေအောက်မီးတောင်တစ်ခုနှင့် ရှားပါးရေသတ္တဝါမျိုးစိတ်များကို လေ့လာမှုများပြုလုပ်လျက်ရှိသည်။ သုတေသနခေါင်းဆောင် Xu Kuidong က လေ့လာမှုနှင့်ပတ်သက်ပြီး “ ဒီနေ့က ကျွန်တော်တို့ရဲ့ ပထမဆုံးရေငုပ်ခြင်းဖြစ်ပါတယ်။မီးတောင်ရဲ့ထိပ်ရေအောက် မီတာ ၁၃ဝဝ အနက်ကို ငုပ်မှာပါ။ နှစ်ပေါင်းများစွာအတွင်းပထမဆုံးအနေနဲ့ ကျွန်တော်တို့တကယ့်ကို ကြီးမားတဲ့ရလဒ်ထွက်ပေါ်လာအောင် လုပ်ဆောင်နိုင်ခဲ့တာပါ။ ရေတစ်ခါ ငုပ်တဲ့အကြိမ်တိုင်း ကျွန်တော်တို့ မျိုးစိတ်ပေါင်း ၁ဝဝကျော်လောက်ကို စုဆောင်းရယူနိုင်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်တို့လုံးဝမရင်းနှီးတဲ့ ရေသတ္တဝါမျိုးစိတ်ပေါင်းများစွာရှိပါတယ်။” ဟုပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.