Africa & Middle East
အပစ်ရပ်ရေး သဘောတူညီချက် ဒုတိယအဆင့် ဆွေးနွေးရန် ဒိုဟာသို့ အစ္စရေး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်

ဂျေရုဆလမ်၊ မတ် ၁၀ ရက် (ဆင်ဟွာ)
ဂါဇာ အပစ်ရပ်ရေး သဘောတူညီချက် ဒုတိယအဆင့် ဆွေးနွေးပွဲကို တွန်းအားပေးရန် အစ္စရေးအနေဖြင့် မတ် ၁၀ ရက်တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်သွားမည် ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ်ရုံးက မတ် ၈ ရက် ညပိုင်း၌ ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်။
လက်ရှိ ဆွေးနွေးမှုများက ထွေထွေထူထူး တိုးတက်မှု မရရှိခဲ့ကြောင်း The Times of Israel သတင်းစာက ယင်းနေ့တွင် အစ္စရေး အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက မတ် ၈ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ၏ လုံခြုံရေး အခြေအနေကို သုံးသပ်ပြီး ဒုတိယနေ့၌ ကျင်းပသည့် အစ္စရေး လုံခြုံရေး အစိုးရအဖွဲ့အစည်းအဝေးအတွက် ပြင်ဆင်ခဲ့ကြောင်း အစ္စရေး Haaretz သတင်းက ဖော်ပြထားသည်။
အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့သည် ဇန်နဝါရီ ၁၅ ရက်တွင် ဂါဇာကမ်းမြောင် အပစ်ရပ်ရေးသဘောတူညီချက် ရရှိခဲ့ရာ ပထမအဆင့်ကာလမှာ ဇန်နဝါရီ ၁၉ ၇က်မှ မတ် ၁ ရက် အထိ ဖြစ်သည်။ ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးမှုကို မူလက ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ရန် သတ်မှတ်ခဲ့သော်လည်း အစ္စရေးနှင့် ဟားမက်စ်အကြား လက်တွေ့ ဆွေးနွေးမှု ကျင်းပနိုင်ခြင်း မရှိကြောင်း သိရသည်။ (Xinhua)
————————
(Chinese Version)
以色列将派代表团前往多哈推动停火协议第二阶段谈判
新华社耶路撒冷3月8日电(记者冯国芮 王卓伦)以色列总理办公室8日晚发表声明说,以色列将于10日派遣代表团前往卡塔尔首都多哈,以推动加沙停火协议第二阶段谈判。
《以色列时报》当天援引一名以色列官员的话报道,目前谈判并未取得特别进展。 以色列《国土报》报道,以总理内塔尼亚胡8日就以色列被扣押人员安全情况进行了评估,为次日召开的以色列安全内阁会议做准备。
以色列与巴勒斯坦伊斯兰抵抗运动(哈马斯)1月15日达成加沙地带停火协议,第一阶段从1月19日至3月1日。第二阶段停火谈判原定2月3日开始,但以色列与哈马斯一直未举行实质性谈判。(完)
1. 2月27日,在约旦河西岸拉姆安拉,当地民众欢迎巴勒斯坦获释人员回家。