Connect with us

NPC

အမျိုးသားဥပဒေပြုအာဏာပိုင်အဖွဲ့ နှစ်ပတ်လည်အစည်းအဝေးတွင် NPC ကိုယ်စားလှယ်များက အဆိုပြုချက် ၂၆၉ ခု တင်သွင်း

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ်အစည်းအဝေး၊ အတွင်းရေးမှူးရုံးတွင် အလုပ်လုပ်ကိုင်နေသူများကို ၂၀၂၅ ခုနှစ် မတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၀ ရက် (ဆင်ဟွာ)

NPC ကိုယ်စားလှယ်များသည် လက်ရှိကျင်းပနေဆဲဖြစ်သော ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) ၏ တတိယအကြိမ်အစည်းအဝေးတွင် အဆိုပြုချက် နောက်ဆုံးတင်သွင်းသည့်နေ့ မတ် ၈ ရက် မွန်းလွဲပိုင်းအထိ အဆိုပြုချက် ၂၆၉ ခု တင်သွင်းခဲ့ကြကြောင်း သိရသည်။

NPC ကိုယ်စားလှယ်များထံမှ အကြံပြုချက်ပေါင်း ၈,၀၀၀ ကျော်ကိုလည်း လက်ခံရရှိခဲ့ကြောင်း ယင်းအစည်းအဝေး၏ အတွင်းရေးမှူးရုံးက မတ် ၉ ရက်၌ ပြောခဲ့သည်။

၎င်းအဆိုပြုချက်များအကြား ၂၆၈ ခုမှာ ဥပဒေပြုလုပ်ငန်းနှင့် ဆက်စပ်ပြီး တစ်ခုမှာ ကြီးကြပ်မှုလုပ်ငန်းနှင့် သက်ဆိုင်ကြောင်း အတွင်းရေးမှူးရုံးက ဆိုသည်။ အဆိုပြုချက်များသည် အဓိကနယ်ပယ်၊ထွန်းသစ်စနယ်ပယ်နှင့် ပြည်ပနှင့်ဆက်စပ်သောနယ်ပယ်များကို အဓိကလွှမ်းခြုံမှုရှိကြောင်း အတွင်းရေးမှူးရုံးက ဖော်ပြထားသည်။

အကြံပြုချက်များအနေဖြင့် စားသုံးမှုမြှင့်တင်ခြင်း၊ စီးပွားရေးတိုးတက်မှုကို မောင်းနှင်ရန် ဉာဏ်ရည်တုနည်းပညာ (AI) အသုံးချမှုများ တိုးမြှင့်ခြင်းနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ခြင်း စသည်တို့အပါအဝင် ခေါင်းစဉ်အများအပြားကိုလည်း ခြုံငုံမိကြောင်း သိရသည်။

အတွင်းရေးမှူးရုံးက ၎င်းအဆိုပြုချက်များကို လေ့လာပြီး အဆိုပြုချက်များ ကိုင်တွယ်ဆောင်ရွက်ရေးဆိုင်ရာ အစီရင်ခံစာတစ်စောင် ပြုစုကာ ဆွေးနွေးသုံးသပ်ရန်အတွက် အစည်းအဝေး၏ အမြဲတမ်းပါတီကော်မတီထံ တင်ပြမည်ဖြစ်သည်။  (Xinhua)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ်အစည်းအဝေး၊ အတွင်းရေးမှူးရုံးတွင် အလုပ်လုပ်ကိုင်နေသူများကို ၂၀၂၅ ခုနှစ် မတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(English Version)
Chinese lawmakers submit 269 proposals to annual legislative session
BEIJING, March 9 (Xinhua) — Chinese national lawmakers submitted 269 proposals to the country’s annual legislative session as of Saturday noon, the deadline for proposal submission at the ongoing third session of the 14th National People’s Congress (NPC).
The secretariat of the session said on Sunday that it had also received over 8,000 suggestions from NPC deputies.
Among the proposals, 268 are related to legislative work and one concerns oversight work, the secretariat said. It added that the proposals primarily cover legislation in key, emerging, and foreign-related areas.
The suggestions cover a wide range of topics, including boosting consumption, promoting AI applications to drive economic growth, and protecting the rights and interests of private enterprises.
The secretariat is studying these proposals and will compile a report on the handling of the proposals to present to the session’s presidium for deliberation.
Photo 1, 2: Staff work at the secretariat of the third session of the 14th National People’s Congress (NPC) in Beijing, capital of China, March 9, 2025. (Xinhua/Zheng Huansong)