North America
ကနေဒါ လစ်ဘရယ်ပါတီခေါင်းဆောင်အဖြစ် Mark Carney ရွေးချယ်ခံရ

အော့တဝါ၊ မတ် ၁၀ ရက် (ဆင်ဟွာ)
Mark Carney သည် သောင်ပြိုကမ်းပြို အားသာချက်ဖြင့် ကနေဒါနိုင်ငံ အာဏာရပါတီ လစ်ဘရယ်ပါတီ၏ ခေါင်းဆောင်အသစ်အဖြစ် ရွေးချယ်ခံရကြောင်း ၎င်းပါတီက မတ် ၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ Mark Carney သည် လက်ရှိဝန်ကြီးချုပ် ထရူးဒိုး၏နေရာတွင် ဆက်ခံ၍ ကနေဒါဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ကာ အစိုးရအဖွဲ့အသစ် ဖွဲ့စည်းသွားမည်ဖြစ်သည်။
လစ်ဘရယ်ပါတီက ထိုနေ့တွင် ခေါင်းဆောင်သစ် ရွေးကောက်ပွဲကျင်းပခဲ့ရာ Mark Carney သည် ဆန္ဒမဲ ၈၆ ရာခိုင်နှုန်းနီးပါး ရရှိခဲ့ရာ ပထမအဆင့်တွင်ပင် လွယ်ကူစွာအောင်နိုင်မှု ရရှိခဲ့ခြင်းဖြစ်သည်။ Mark Carney က ရွေးကောက်မှုအောင်မြင်ခြင်း မိန့်ခွန်းစကား ပြောကြားရာ၌ ၎င်း၏အစိုးရသည် အမေရိကန်အပေါ် လက်တုံ့ပြန်မှု စည်းကြပ်ခွန် အစီအမံများ ဆက်လက်ထားရှိမည် ဟုဆိုခဲ့သည်။ အမေရိကန်သမ္မတ ထရမ့်၏ အစီအစဉ် မအောင်မြင်စေရန် ကနေဒါသည် စည်းလုံးညီညွတ်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ထရူးဒိုးသည် ယခုနှစ် ဇန်နဝါရီ ၆ ရက်တွင် လစ်ဘရယ်ပါတီခေါင်းဆောင် တာဝန်မှ နုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး လစ်ဘရယ်ပါတီက ခေါင်းဆောင်သစ် ရွေးချယ်ပြီးနောက် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ (Xinhua)
———————–
(Chinese Version)
马克·卡尼当选加拿大自由党领袖
新华社渥太华3月9日电(记者林威)加拿大执政党自由党9日宣布,马克·卡尼以压倒性的优势当选为该党新领导人。卡尼将接替现任总理特鲁多出任加拿大总理,组建新内阁。 自由党当天举行新领袖选举,卡尼得到近86%的选票,在第一轮便轻松胜出。卡尼在胜选演讲中说,他的政府将保持对美国的报复性关税措施。加拿大要团结起来,不能让美国总统特朗普得逞。
今年1月6日,特鲁多宣布辞去自由党领袖职务,并表示将在自由党选出新领袖后辞去总理职务。(完)
图说:2025年2月19日,在加拿大多伦多的一个党内竞选造势集会上,加拿大自由党领袖候选人马克·卡尼在发表演讲。(李海涛摄)