North America
အမေရိကန် စီးပွားရေး ဆုတ်ယုတ်နိုင်မှုကို ပယ်ချရန် ထရမ့် ငြင်းဆို

ဝါရှင်တန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က မတ် ၉ ရက် တွေ့ဆုံမေးမြန်းမှု၌ အစိုးရ စည်းကြပ်ခွန်မူဝါဒအပေါ် ကာကွယ်ပြောဆိုခဲ့ရာ ယင်းကြောင့် အမေရိကန် စီးပွားရေး ဆုတ်ယုတ်နိုင်မှုကို ပယ်ချရန် ထရမ့် ငြင်းဆိုခဲ့ကြောင်း အမေရိကန် မီဒီယာများက ယင်းနေ့တွင် သတင်းဖော်ပြခဲ့သည်။
ထရမ့်က ယင်းနေ့တွင် Fox News Channel၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံခဲ့ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ယခုနှစ်တွင် စီးပွားရေး ဆုတ်ယုတ်မည်ဟု ခန့်မှန်းရပါသလောဟု မေးမြန်းရာတွင် ထရမ့်က “ဒီလိုကိစ္စမျိုးကို ကြိုတင်မခန့်မှန်းချင်ပါဘူး” ဟု ပြောကြားခဲ့သည်။ အမေရိကန်အစိုးရ အနေဖြင့် “ဥစ္စာဓနတွေကို အမေရိကန်ကို ပြန်လည်သယ်ဆောင်နေတယ်”၊ သို့သော် “ဒါက အချိန်အနည်းငယ်လိုတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
စည်းကြပ်ခွန် တိုးမြှင့်ခြင်း စသည့် စီးပွားရေး မူဝါဒများကြောင့် အမေရိကန် စီးပွားရေး ဆုတ်ယုတ်နိုင်မှုကို ပယ်ချရန် ထရမ့် ငြင်းဆန်ခဲ့ကြောင်း The New York Times စသည့် မီဒီယာဝက်ဘ်ဆိုက်များတွင် ဖော်ပြထားသည်။ မတ် ၉ ရက် ညပိုင်းတွင် မီဒီယာများက အမေရိကန်အနေဖြင့် စီးပွားရေး ဆုတ်ယုတ်မှု ဖြစ်ပေါ်နိုင်ပါသလောဟု ထပ်မံ မေးမြန်းရာတွင် “ဘယ်သူ သိမှာလဲ” ဟု ထရမ့်က သမ္မတ အထူးလေယာဉ် Air Force One တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ထရမ့်သည် ဖေဖော်ဝါရီ ၁ ရက်တွင် အမိန့်ကြေညာချက်၌ လက်မှတ်ရေးထိုးခဲ့ရာ အဆိုပါအမိန့်အရ မက္ကဆီကိုနှင့် ကနေဒါ နှစ်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။
ထရမ့်က ဖေဖော်ဝါရီ ၃ ရက်တွင် နှစ်နိုင်ငံအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှု အစီအမံအား ရက် ၃၀ ရွှေ့ဆိုင်းလိုက်ပြီး ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်အရ သက်ဆိုင်ရာ စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှု အစီအမံသည် မတ် ၄ ရက်တွင် အသက်ဝင်ခဲ့ပြီးဖြစ်သည်။ မတ် ၆ ရက်တွင် ထရမ့်က အမိန့်ကြေညာချက် လက်မှတ်ရေးထိုးပြီး ယင်းနှစ်နိုင်ငံအပေါ် စည်းကြပ်ခွန် တိုးမြှင့်ခြင်း အစီအမံကို ပြန်လည်ချိန်ညှိခဲ့ရာ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ သဘောတူညီသည့် သက်သာခွင့်နှင့် ကိုက်ညီသည့် သွင်းကုန်ပစ္စည်းများကို အခွန်ကင်းလွတ်ခွင့် ပေးခဲ့သည်။ “နေ့မြင် ညပြင် (မကြာခဏ ပြင်ဆင်)” နေသည့် စည်းကြပ်ခွန်မူဝါဒများကြောင့် စတော့ဈေးကွက်တွင် သိသိသာသာ လှုပ်ခတ်ခဲ့ရာ ရင်းနှီးမြှုပ်နှံသူများ၏ မရေရာမှုများ မြင့်တက်ခဲ့သည်။ (Xinhua)
—————————
(Chinese Version)
外媒:特朗普拒绝排除美经济衰退可能
新华社华盛顿3月9日电 美国媒体9日报道,美国总统特朗普当天接受采访时对政府关税政策进行辩护,拒绝排除美国经济因此陷入衰退的可能。
特朗普当天接受美国福克斯新闻频道采访,当被问及是否预期美国今年会出现经济衰退时,特朗普称他“不愿预测这样的事情”。特朗普称,美国政府正在“把财富带回美国”,但“这需要一点时间”。
美国《纽约时报》等多家媒体网站报道,特朗普拒绝排除加征关税等经济政策引发美国经济衰退的可能。9日晚些时候,当媒体再次就美国会否出现经济衰退提问时,特朗普在总统专机“空军一号”上对记者说:“谁知道呢?”
特朗普于2月1日签署行政令,对进口自墨西哥和加拿大两国的产品加征25%的关税。2月3日,特朗普宣布对两国加征关税措施暂缓30天实施,并继续进行谈判。根据这一决定,相关加征关税措施已于3月4日生效。3月6日,特朗普签署行政令调整对两国加征关税措施,对符合美墨加协定优惠条件的进口商品免征关税。“朝令夕改”的关税政策造成股市显著波动,投资者不确定性上升。(完)
1. 2月22日,美国总统特朗普乘直升机返回华盛顿白宫。