Connect with us

NPC

(၁၄) ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ် အစည်းအဝေး ပိတ်ပွဲအခမ်းအနားဆိုင်ရာ သတင်းများ

(၁၄) ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ မတ် ၅ ရက်က ကျင်းပရာ အခမ်းအနားကို တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံ့ခေါင်းဆောင်များ ဖြစ်သည့် ရှီကျင့်ဖိန်၊ လီချန်၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ တင်းရွှဲရှန်၊ လီရှီး၊ ဟန်ကျိန့် စသည်တို့ တက်ရောက်စဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ)
(၁၄) ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ် အစည်းအဝေး ကိုယ်စားလှယ်အဖွဲ့ အသီးသီးက မတ် ၁၁ ရက် နံနက်ပိုင်းတွင် ကိုယ်စားလှယ် အဖွဲ့ငယ်များခွဲ၍ အစည်းအဝေးကျင်းပခဲ့ရာ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ လုပ်ငန်းအစီရင်ခံစာ၊ ပြည်သူ့တရားချုပ်ရုံး လုပ်ငန်းအစီရင်ခံစာ၊ ပြည်သူ့ရှေ့နေချုပ်ရုံး လုပ်ငန်းအစီရင်ခံတို့နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်မူကြမ်း ၃ ရပ်ကို စိစစ်ဆွေးနွေးခြင်း ဖြစ်ပြီး ဥက္ကဋ္ဌအဖွဲ့ စတုတ္ထအကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်းဖြစ်သည်။

မတ် ၁၁ ရက် မွန်းလွဲ ၃ နာရီတွင် (၁၄) ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ် အစည်းအဝေး ပိတ်ပွဲအခမ်းအနားကို ပြည်သူ့ခန်းမဆောင်၌ ကျင်းပမည် ဖြစ်သည်။ ယင်းအခမ်းအနားတွင် အစိုးရလုပ်ငန်းအစီရင်ခံစာဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်က တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်နှင့် ဒေသန္တရအလွှာအသီးသီးရှိ ပြည်သူ့ကွန်ဂရက်၏ ကိုယ်စားပြုဥပဒေအား ပြင်ဆင်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း၊ ၂၀၂၄ ခုနှစ် အမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ဖော်ဆောင်မှု အခြေအနေနှင့် ၂၀၂၅ ခုနှစ် အမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ လုပ်ငန်းအစီရင်ခံစာဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်း၊ ၂၀၂၄ ခုနှစ် ဗဟိုနှင့်ဒေသန္တရ ရသုံးငွေ ဖော်ဆောင်မှု အခြေအနေနှင့် ၂၀၂၅ ခုနှစ် ဗဟိုနှင့်ဒေသန္တရ ရသုံးငွေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ လုပ်ငန်းအစီရင်ခံစာဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း၊ ပြည်သူ့တရားချုပ်ရုံး လုပ်ငန်းအစီရင်ခံစာဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း၊ ပြည်သူ့ရှေ့နေချုပ်ရုံး လုပ်ငန်းအစီရင်ခံစာဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းများကို မဲပေးဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

(၁၄) ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ် အစည်းအဝေး၊ ဒုတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးအား ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ မတ် ၈ ရက်က ကျင်းပစဉ် (ဆင်ဟွာ)

(၁၄) ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ် အစည်းအဝေး၊ ဒုတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးအား ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ မတ် ၈ ရက်က ကျင်းပစဉ် (ဆင်ဟွာ)

————————
(Chinese Version)
两会日程预告|3月11日:十四届全国人大三次会议闭幕
新华社北京3月10日电
11日上午,十四届全国人大三次会议各代表团举行代表小组会议,审议关于全国人大常委会工作报告、最高人民法院工作报告、最高人民检察院工作报告的三个决议草案;召开主席团第四次会议。
11日下午3时,十四届全国人大三次会议在人民大会堂举行闭幕会,表决关于政府工作报告的决议草案,表决全国人民代表大会关于修改全国人民代表大会和地方各级人民代表大会代表法的决定草案,表决关于2024年国民经济和社会发展计划执行情况与2025年国民经济和社会发展计划的决议草案,表决关于2024年中央和地方预算执行情况与2025年中央和地方预算的决议草案,表决关于全国人民代表大会常务委员会工作报告的决议草案,表决关于最高人民法院工作报告的决议草案,表决关于最高人民检察院工作报告的决议草案。(完)
1. 3月5日,第十四届全国人民代表大会第三次会议在北京人民大会堂开幕。党和国家领导人习近平、李强、王沪宁、蔡奇、丁薛祥、李希、韩正等出席大会。 新华社记者 李学仁 摄
2. 3月8日,十四届全国人大三次会议在北京人民大会堂举行第二次全体会议。 新华社记者 岳月伟 摄