Connect with us

Asia

ထိုင်း နိုင်ငံ ဘုရင် အသစ် ၏ ရုပ်ပုံ ဖြင့် ရိုက်နှိပ် ထားသည့် ငွေစက္ကူ အသစ် များ အသုံးပြုရန် စတင် ထုတ်ဝေ

ဧပြီ လ ၆ ရက် နေ့ တွင် စတင် ထုတ်ဝေ လိုက်သည့် ထိုင်း နိုင်ငံ ငွေစက္ကူ အသစ် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ထိုင်း နိုင်ငံ တွင် ဧပြီ လ ၆ ရက် နေ့ မှ စတင်၍ ၁၇ ကြိမ် မြောက် ငွေစက္ကူ နှင့် အကြွေစေ့ များကို အသုံးပြု နိုင်ရန် စတင်ထုတ်ဝေ ခဲ့ပြီး အသစ် ထုတ်ဝေ ခဲ့သည့် ငွေစက္ကူ နှင့် အကြွေစေ့ များတွင် ထိုင်းနိုင်ငံ ဘုရင် အသစ် မဟာ ဗာဂျီရာလောင်ကွန်း ၏ ရုပ်ပုံ များကို ရိုက်နှိပ် ထားကာ ငွေစက္ကူ အဟောင်းများနှင့် အတူတကွ အသုံးပြု သွားနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

ငွေစက္ကူအသစ် များ ထုတ်ဝေ ခဲ့သည့် ဧပြီလ ၆ ရက်နေ့ သည် ထိုင်းနိုင်ငံ Chakri မင်းဆက် တည်ထောင် သည့် အထိမ်းအမှတ် နေ့ဖြစ်ပြီး ထိုင်းနိုင်ငံ ဗဟို ဘဏ် က ဘတ် ၂၀ ၊ ဘတ် ၅၀ နှင့် ဘတ် ၁၀၀ ငွေစက္ကူ အသစ် များကို ထုတ်ဝေ ခဲ့သည်။ ဘတ် ၅၀၀ နှင့် ဘတ် ၁၀၀၀ ငွေစက္ကူ အသစ် များကို ထိုင်းနိုင်ငံ ဘုရင် မဟာ ဗာဂျီရာလောင်ကွန်း ၏ မွေးနေ့ ဖြစ်သည့် ဇူလိုင်လ ၂၈ ရက်နေ့ တွင် ဆက်လက်၍ ထုတ်ဝေ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထိုင်း နိုင်ငံ ဗဟိုဘဏ် ၏ စာရင်းပြုစုချက် အရ ၁၉၄၈ ခုနှစ် တွင် ထုတ်ဝေ ခဲ့သည့် ၉ ကြိမ် မြောက် ငွေစက္ကူ မှ ၂၀၁၃ ခုနှစ် တွင် ထုတ်ဝေ ခဲ့သည့် ၁၆ ကြိမ်မြောက် ငွေစက္ကူ အထိ ကွယ်လွန် ခဲ့ပြီး ဖြစ်သည့် ထိုင်းနိုင်ငံ ဘုရင် ဘူမီဘော အဒူလျာဒတ် ရုပ်ပုံ ကို ငွေစက္ကူ ရှေ့ဘက် မျက်နှာ တွင် အသုံး ပြုခဲ့ပြီး ၁၇ ကြိမ် မြောက် တွင် ထိုင်း နိုင်ငံ ဘုရင် အသစ် မဟာ ဗာဂျီရာလောင်ကွန်း ၏ ရုပ်ပုံ ကို စတင် အသုံးပြုခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယနေ့ တွင် ထုတ်ဝေ ခဲ့သည့် ဘတ်ငွေ အကြွေစေ့ အသစ် များတွင် လည်း ရှေ့ဘက် မျက်နှာ များ အားလုံး တွင် ထိုင်းနိုင်ငံ ဘုရင် အသစ် ၏ ရုပ်ပုံ ဖြင့် ပြောင်းလဲ ထုတ်ဝေ ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.