Connect with us

Asia

အိန္ဒိယနိုင်ငံက ရက်သတ္တပတ် ၂ ပတ်ကြာပြုလုပ်မည့် လေကြောင်း စစ်ရေးလေ့ကျင့်မှု စတင်မည်

အိန္ဒိယလေတပ်မှ Sukhoi SU-30 ဂျက်တိုက်လေယာဉ်များအားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ ဧပြီ ၇ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံက ၎င်းတို့၏ အကြီးဆုံးလေကြောင်းစစ်ရေးလေ့ကျင့်မှုထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ၂ ပတ်ကြာပြုလုပ်မည့် လေကြောင်းစစ်ရေးလေ့ကျင့်မှုတစ်ခုကို ဧပြီ ၈ ရက်တွင် စတင်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

နှစ်ပတ်ကြာပြုလုပ်မည့် Gaganshakti လေ့ကျင့်မှုအတွင်း အိန္ဒိယလေတပ်မှ Sukhoi- 30MKI ဂျက်တိုက်လေယာဉ်များ နှင့် လေပေါ်လောင်စာဆီဖြည့်လေယာဉ်များ အပါအဝင် လေယာဉ် ၁,၁ဝဝ စင်း ပါဝင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

“ အိန္ဒိယလေတပ်ရဲ့ စစ်ဆင်ရေးတွေမှာ Tejas အပေါ့စားတိုက်လေယာဉ်ရဲ့ စွမ်းဆောင်ရည် နဲ့တိုးတက်မှုကို ပထမဆုံး ပြသတဲ့ စစ်ရေးလေ့ကျင့်မှုပါပဲ” ဟု အိန္ဒိယလေတပ်မှ ပြောရေးဆိုခွင့်ရှိသူ တပ်မှူး Anupam Banerjee က သတင်းသမားများအားပြောကြားခဲ့သည်။

အိန္ဒိယလေတပ်၏ စစ်ရေးလေ့ကျင့်မှုသည် လေကြောင်းပျံသန်းမှုလမ်းကြောင်းကို ချိန်ညှိခြင်း နှင့် အိန္ဒိယကြည်းတပ် ၊ ရေတပ်တို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ်များပါဝင်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

“ စစ်ဆင်ရေးကို အရှိန်မြှင့်တင်ခြင်း ၊ ကွန်ရက်ချိတ်ဆက်လေ့ကျင့်ခြင်း ၊ အိန္ဒိယကုန်းမြေမှ တာဝေးပြစ်ဒုံးကျည်စမ်းသပ်ခြင်းများ နဲ့ ရေတပ် ၊ ကြည်းတပ်တို့ဖြင့် တပ်ဖွဲ့ဝင်များအပြန်အလှန် ဖလှယ်ခြင်း လေ့ကျင့်မှုအစီအစဉ်များလည်းပါဝင်ပါမယ်” ဟု Banerjee က ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.