Connect with us

Africa & Middle East

အမေရိကန်နှင့် အစ္စရေးတို့က ဂါဇာပြည်သူလူထုအား အာဖရိကသို့ ပြောင်းရွှေ့စေလိုကြောင်း အမေရိကန်မီဒီယာ ဆို

ဆူဒန်နိုင်ငံ မြောက်ပိုင်းပြည်နယ် ဒွန်ဂိုလာမြို့ တွန်နာကျေးရွာတွင် ကန္တာရတိုက်စားမှုဒဏ်ခံရသော လယ်မြေများကို ကြည့်ရှုစစ်ဆေးနေသော လယ်သမားအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နှင့် အစ္စရေးတို့က အရှေ့အာဖရိက နိုင်ငံ၊ ဒေသများနှင့် ထိတွေ့ဆက်ဆံမှု ရှိပြီးဖြစ်ရာ ပါလက်စတိုင်း ဂါဇာပြည်သူလူထုအား အာဖရိကသို့ ပြောင်းရွှေ့စေလိုကြောင်း အေပီသတင်းဌာန၏ မတ် ၁၄ ရက် သီးသန့် သတင်းတွင် ဖော်ပြခဲ့သည်။
သက်ဆိုင်ရာ ထိတွေ့ဆက်ဆံမှုသည် ယမန်လက စတင်ခဲ့ပြီး အမေရိကန်နှင့် အစ္စရေးတို့က ဆူဒန်နှင့် ဆိုမာလီ နှစ်နိုင်ငံရှိ အရာရှိများ၊ မာရီလန်ဒေသရှိ အရာရှိများကို ဆက်သွယ်ခဲ့ကြောင်း၊ ကျေးဇူးတုံ့ပြန်သောအားဖြင့် ငွေကြေး၊ သံတမန်ရေးနှင့် လုံခြုံရေးစသည့် ကဏ္ဍများတွင် အထောက်အပံ့များ ပေးအပ်ရန် အမေရိကန်နှင့် အစ္စရေးဘက်က ကမ်းလှမ်းခဲ့ကြောင်း အမည်မဖော်လိုသော အမေရိကန်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။
ဆူဒန်ဘက်က အမေရိကန်နှင့် အစ္စရေးတို့၏ ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ကြောင်း၊ ဆိုမာလီနှင့် ဆိုမာလီလန်ဒေသရှိ အရာရှိများကမူ “ဒီလိုမျိုး ထိတွေ့ဆက်သွယ်မှုတွေရှိတာ မသိခဲ့ဘူး” ဟု ဆိုခဲ့ကြောင်း သတင်းအရ သိရသည်။

ဇန်နဝါရီလမှစ၍ အမေရိကန်သမ္မတ ထရမ့်သည် ဂါဇာကမ်းမြောင်ဒေသ “ရှင်းလင်းရေး” နှင့် အမေရိကန်က “လက်လွှဲယူ” မည့် ပြောဆိုချက်များကို ရှေ့ဆင့်နောက်ဆင့် အဆိုပြုခဲ့သည်။ ထရမ့်က အီဂျစ်နှင့် ဂျော်ဒန်တို့အနေဖြင့် ဂါဇာကမ်းမြောင်ဒေသမှ လာသော ပါလက်စတိုင်းသားများကို လက်ခံပြီး နေရာချထားပေးရန် မျှော်လင့်ကြောင်း ပြောခဲ့ဖူးသည်။ ထရမ့်၏ ဤပြောဆိုချက်များသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများ ခံခဲ့ရသည်။ (Xinhua)
#အမေရိကန်_အစ္စရေး #ဂါဇာပြည်သူလူထု #အာဖရိကသို့ပြောင်းရွှေ့ #ဆူဒန်_ဆိုမာလီ #ပါလက်စတိုင်း
………………………….
(Chinese Version)
美媒:美以希望将加沙民众迁至非洲
新华社华盛顿3月14日电 美联社14日发表独家报道称,美国和以色列已与东非国家和地区接触,希望将巴勒斯坦加沙民众迁至非洲。这表明,美以试图继续推进强制迁移加沙民众的计划。
报道援引匿名美以官员的话说,相关接触始于上月,美国和以色列联系了苏丹和索马里两国官员以及索马里兰地区官员。美以提出,作为回报,可从财政、外交和安全等方面提供支持。
报道说,苏丹方面已拒绝美以提议,而索马里和索马里兰地区官员则声称“不知道有任何此类接触”。
自1月以来,美国总统特朗普先后提出“清空”加沙地带及美国予以“接管”的言论。特朗普曾表示,希望埃及和约旦接收并安置来自加沙地带的巴勒斯坦人。特朗普的这些言论遭到国际社会强烈反对。(完)
图说1:2024年12月15日,在苏丹北方州栋古拉市托姆纳尔村,农民查看沙漠侵蚀对农田的影响。新华社发(马吉迪·阿卜杜拉摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.