Connect with us

North America

ရုရှား၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဘဏ်လုပ်ငန်းကဏ္ဍတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို အမေရိကန် တိုးမြှင့်

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရှင်းလင်းပြောကြားနေပုံကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်အနေဖြင့် ၎င်း၏ ငွေပေးချေမှု စနစ်များအား အသုံးပြုခွင့် ကန့်သတ်ခြင်းဖြင့် ရုရှား၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဘဏ်လုပ်ငန်း ကဏ္ဍတို့အပေါ် ကန့်သတ်မှုများ တင်းတင်းကျပ်ကျပ် လုပ်ဆောင်လျက်ရှိကြောင်း CBC News သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ဒဏ်ခတ်ပိတ်ဆို့ခံ ရုရှားဘဏ်များ ပါဝင်ပတ်သက်နေသော စွမ်းအင်ဆိုင်ရာ အရောင်းအဝယ်လုပ်မှုအချို့အား ဆက်လက်ခွင့်ပြုကြောင်း ဘိုင်ဒန်အစိုးရလက်ထက် ဇန်နဝါရီလအတွင်း ပြဋ္ဌာန်းခဲ့သည့် ရက် ၆၀ ကြာ ကင်းလွတ်ခွင့်အား အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မတ် ၁၂ ရက်၌ ရပ်ဆိုင်းခဲ့ကြောင်း CBC News သတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းကင်းလွတ်ခွင့်မှာ သက်တမ်းကုန်ဆုံးသွားပြီဖြစ်ရာ ၎င်းဘဏ်များအနေဖြင့် အဓိကကျသော စွမ်းအင်ဆိုင်ရာ အရောင်းအဝယ်ပြုလုပ်မှုများတွင် အမေရိကန်၏ ငွေပေးချေမှုစနစ်အား အသုံးပြုနိုင်ဖွယ် မရှိတော့ပေ။
အမေရိကန် ဘဏ်လုပ်ငန်းစနစ်များ အသုံးပြုခြင်းကို တင်းကျပ်မည့် အဆိုပါ လုပ်ဆောင်ချက်ကြောင့် အခြားနိုင်ငံများအဖို့ ရုရှားရေနံများကို ဝယ်ယူရာတွင် ပိုမိုခက်ခဲစေမည်ဖြစ်သလို ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ငါးဒေါ်လာအထိ ဈေးနှုန်းမြင့်တက်စေဖွယ်ရှိကြောင်း သိရသည်။
ဒေါ်နယ်ထရမ့် အစိုးရအနေဖြင့် ရုရှား-ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေးအတွက် ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အား ရုရှားဘက်မှ လက်ခံလာအောင် သိမ်းသွင်းရန် ကြိုးပမ်းနေစဉ် ပိုမိုပြင်းထန်သော ကန့်သတ်မှုများ ပေါ်ပေါက်လာြခင်းဖြစ်သည်။ (Xinhua)
#US #Russia #Sanctions #အမေရိကန် #ရုရှား #ဒဏ်ခတ်ပိတ်ဆို့မှုများ
———————
(English Version)
U.S. ramps up sanctions on Russia’s oil, gas, banking sectors
WASHINGTON, March 14 (Xinhua) — The United States is tightening restrictions on Russia’s oil, gas and banking sectors by limiting their access to U.S. payment systems, according to CBC News.
The U.S. Treasury Department on Wednesday ended a 60-day exemption introduced by the Biden administration in January, which allowed certain energy transactions involving sanctioned Russian banks to continue, CBC News reported. As the waiver expired, these banks may no longer use U.S. payment systems for major energy deals.
The move to tighten access to U.S. banking systems makes it harder for other countries to buy Russian oil, potentially driving prices up by as much as 5 U.S. dollars per barrel.
The tougher restrictions come as the Donald Trump administration is trying to convince Russia to agree to a proposed 30-day ceasefire to end the Russia-Ukraine conflict.
English Caption
U.S. President Donald Trump speaks at a press conference at the White House in Washington, D.C., the United States, on Feb. 24, 2025. (Xinhua/Hu Yousong)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.