Asia
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တည်ဆောက်ဆဲ ခုံးကျော်တံတားအမြန်လမ်းတစ်နေရာ ပြိုကျမှုကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံး

ဘန်ကောက်၊ မတ် ၁၅ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တည်ဆောက်ဆဲ ခုံးကျော်တံတား အမြန်လမ်းတစ်နေရာသည် မတ် ၁၅ ရက် နံနက်ပိုင်းတွင် ပြိုကျမှုဖြစ်ပွားခဲ့ရာ ယင်းကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံအစိုးရ အရာရှိက မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ မတော်တဆဖြစ်မှုသည် ဒေသစံတော်ချိန် မတ် ၁၅ ရက် နံနက်ပိုင်း ၂ နာရီဝန်းကျင်၌ ဖြစ်ပွားခဲ့ကြောင်း၊ အလုပ်သမားများက ထိုအချိန်တွင် အင်္ဂတေလောင်းနေသည့် ကွန်ကရစ်လမ်းရက်မတစ်ခုက ရုတ်တရက် ကွဲအက်ကာ ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ မီဒီယာအများအပြားက သတင်းဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးဝန်ကြီး Suriya Jungrungreangkit က အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး အဆိုပါ မတော်တဆဖြစ်မှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပြီး ၎င်းအနက် ထိုင်းနိုင်ငံသား ၃ ဦးနှင့် မြန်မာအလုပ်သမား ၂ ဦး ပါဝင်ကြောင်း၊ အခြားလူ ၂၄ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း အတည်ပြုခဲ့သည်။
အဆိုပါမတော်တဆဖြစ်မှု ဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာနေရာ အနီးတစ်ဝိုက်လမ်းများအား ယာယီပိတ်ခဲ့ကြောင်း သိရသည်။ Suriya Jungrungreangkit က သက်ဆိုင်ရာဌာနမှ သီးသန့်စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့စည်း၍ မတော်တဆဖြစ်မှု အကြောင်းရင်းအား ဘက်စုံ စုံစမ်းစစ်ဆေးကာ ပိုမိုတင်းကျပ်သည့် လုံခြုံရေးအစီအမံများ ချမှတ်ရန် တောင်းဆိုထားကြောင်း သိရသည်။ (Xinhua)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ခုံးကျော်တံတားအမြန်လမ်း ပြိုကျမှု ဖြစ်ပွားရာနေရာကို မတ် ၁၅ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ခုံးကျော်တံတားအမြန်လမ်း ပြိုကျမှု ဖြစ်ပွားရာနေရာကို မတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ခုံးကျော်တံတားအမြန်လမ်း ပြိုကျမှု ဖြစ်ပွားရာနေရာကို မတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————————————————————————–
(Chinese Version)
泰国曼谷一在建高架路垮塌致至少5人死亡
新华社曼谷3月15日电(记者林昊 陈倩慈)泰国政府官员15日表示,首都曼谷一条正在建设的高架路当天凌晨发生垮塌事故,造成至少5人死亡。
据泰国多家媒体报道,事故发生在当地时间15日2时左右,工人当时正在浇筑的一根混凝土梁突然发生断裂并坍塌。
泰国副总理兼交通部长素里亚赴现场视察时确认,事故造成至少5人死亡,其中包括3名泰国籍人员和2名缅甸工人,另有至少24人受伤。
事故发生后,现场附近道路临时关闭。素里亚要求相关部门成立专门调查委员会,全面查明事故原因,并制定更加严格的安全措施。(完)
图说1、2:这是3月15日凌晨在泰国曼谷拍摄的高架路垮塌事故现场。新华社发
图说3、4:这是3月15日在泰国曼谷拍摄的高架路垮塌事故现场。新华社发