Connect with us

Europe

ရုရှား-ယူကရိန်း ပဋိပက္ခပြီးနောက် ဥရောပ၊ အမေရိကန်တို့က ရုရှားနှင့် “ပုံမှန်ဆက်ဆံရေး” တဖြည်းဖြည်း ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း နေတိုး (NATO) အထွေထွေအတွင်းရေးမှူးချုပ် ဆို

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ နေတိုးရုံးချုပ်၌ နေတိုး အထွေထွေအတွင်းရေးမှူးချုပ်အသစ် မာ့ခ်ရတ်တေးက သတင်းစာရှင်းလင်းပွဲတွင် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၁၅ ရက် (ဆင်ဟွာ)
ရုရှား-ယူကရိန်း ပဋိပက္ခ ပြီးဆုံးပြီးနောက် ဥရောပ၊ အမေရိကန်တို့က ရုရှားနှင့် “ပုံမှန်ဆက်ဆံရေး” တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း နေတိုး (NATO) အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရတ်တေးက မတ် ၁၄ ရက် ဝါရှင်တန်မြို့တွင် ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း ပဋိပက္ခ ပြီးဆုံးပြီးနောက် ဥရောပ၊ အမေရိကန်တို့၏ ရုရှားနှင့် ပုံမှန်ဆက်ဆံရေး တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာခြင်းသည် “ပုံမှန်” ကိစ္စ ဖြစ်ကြောင်း မာ့ခ်ရတ်တေးက အဆိုပါနေ့ Bloomberg သတင်းဌာန၏ သီးသန့်မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် လက်ရှိ စေ့စပ်ညှိနှိုင်းမှုအခြေအနေအပေါ် သတိထားပြီး အကောင်းမြင်သော သဘောထားရှိကြောင်း၊ တစ်ချိန်တည်းမှာပင် ၎င်းက ရုရှားနှင့် ဆက်ဆံရာတွင် “ကလေးဆန်” ၍မရကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ရုရှားက လေးလေးနက်နက် ပါဝင်မှုရှိစေရန် နေတိုးအနေဖြင့် မော်စကိုအပေါ် ပြင်းထန်သော ဖိအားကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်နေသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်း၏ NATO အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ရေးသည် အမေရိကန် သမ္မတ ထရမ့်၏ ထည့်သွင်းစဉ်းစားချက်များတွင် မပါဝင်ကြောင်း မာ့ခ်ရတ်တေးက အရိပ်အမြွက်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ပေးရန် “နည်းလမ်းတွေ အများကြီးရှိပါတယ်”၊ သို့သော် နေတိုး အမည်ဖြင့် ပါဝင်ရန် ခက်ခဲလှကြောင်း ၎င်းက ပြောကြားခဲ့သည်။

မာ့ခ်ရတ်တေးက မတ် ၁၃ ရက် အိမ်ဖြူတော် သွားရောက်၍ ထရမ့်နှင့် တွေ့ဆုံဆွေးနွေးစဉ် ရုရှား- ယူကရိန်း အခြေအနေနှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများအား စစ်အသုံးစရိတ်တိုးမြှင့်ရန် တိုက်တွန်းရေး စသည့်ကိစ္စရပ်များကို အမေရိကန်နှင့် ဆွေးနွေးခဲ့သည်။ (Xinhua)
…………………
(Chinese Version)
北约秘书长:欧美将在俄乌冲突后与俄逐步恢复“正常关系”
新华社华盛顿3月14日电 北约秘书长吕特14日在华盛顿表示,欧洲和美国将在俄乌冲突结束后逐步与俄罗斯恢复“正常关系”。
吕特当天在接受彭博社专访时说,欧美在俄乌冲突结束后逐步与俄罗斯恢复正常关系是“正常”的事情。他对目前谈判形势持谨慎乐观态度,同时表示对待俄罗斯“不能天真”,北约仍需对莫斯科保持强大压力以确保俄方认真参与和谈。
吕特暗示乌克兰加入北约不在美国总统特朗普的考虑之列。他说,“有很多方法”可以为乌克兰提供安全保障,但很难以北约名义介入。
吕特13日到访白宫会晤特朗普,就俄乌局势以及敦促北约成员国增加军费等问题与美方沟通。(完)
图说:2024年10月1日,在位于比利时布鲁塞尔的北约总部,北约新一任秘书长马克·吕特在新闻发布会上讲话。新华社记者 赵丁喆 摄