China
တူးမြောင်း ကမ်းနံဘေးသို့ နွေဦးရာသီ ရောက်ရှိလာ၊ မက်မွန်ပန်းများက ရှေးဟောင်း ကန်ဘောင်တွင် ထပ်ဟပ်နေ

ထျန်းကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)
မကြာသေးမီရက်က တရုတ်နိုင်ငံ၊ ထျန်းကျင်းမြို့ ဟုန်ချောင်ခရိုင်ရှိ မြောက်ဘက် တူးမြောင်း ကမ်းနံဘေးတွင် မက်မွန်ပန်းများ ဝေဝေဆာဆာ ဖူးပွင့်သောရာသီသို့ ရောက်ရှိလာရာ အပန်းရောင်၊ အဖြူရောင် စပ်ကြားပန်းပွင့်လေးများသည် သစ်ကိုင်းထိပ်တွင် စိုပြေစွာ ပွင့်လန်းနေကာ နွေဦး အငွေ့အသက်များပျံ့နှံ့လျက်ရှိသည်။ မတ် ၁၄ ရက်တွင် ၃၄ ကြိမ် ထျန်းကျင်း တူးမြောင်းရှိ မက်မွန်ပန်း ယဉ်ကျေးမှု ကုန်သွယ်ရေး ခရီးသွားပွဲတော် စတင်လာသည်နှင့်အတူ မြောက်ဘက် တူးမြောင်း ကမ်းနံဘေး ရှိ မက်မွန်ပန်း ကန်ဘောင်သည် လူကြိုက်များ ရေပန်းစားလျက်ရှိပြီး အနုပညာပြပွဲများ၊ ထူးခြားသော ပွဲဈေးတန်းများစသည့် စိတ်ဝင်စားဖွယ် အစီအစဉ်များစွာသည် မြို့သူမြို့သားများနှင့် ခရီးသွားဧည့်သည်များကို လာရောက်လည်ပတ်ရန်၊ လှပသော ပန်းလေးများအား လာရောက်ရှုစားရန် ဆွဲဆောင်လျက်ရှိသည်။ (Xinhua)

ထျန်းကျင်းမြို့ ဟုန်ချောင်ခရိုင် မြောက်ဘက် တူးမြောင်းရှိ မက်မွန်ပန်း ကန်ဘောင်မြင်ကွင်းကို မတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………….
(Chinese Version)
春到运河畔 桃花映古堤
新华社照片,天津,2025年3月15日
日前,位于天津市红桥区北运河畔的桃花进入盛花期,粉白相间的花朵绽放枝头,一派春意盎然。随着第34届天津运河桃花文化商贸旅游节3月14日拉开帷幕,北运河畔的桃花堤人气持续攀升,文艺展演、特色市集等活动精彩纷呈,吸引众多市民游客前来踏青赏花。
图说1:这是3月15日拍摄的桃花堤上绽放的桃花。 新华社记者 赵子硕 摄
图说2:这是3月14日拍摄的天津市红桥区北运河畔桃花堤一景(无人机照片)。新华社记者 赵子硕 摄