North America
ဟူသီလက်နက်ကိုင်များ တိုက်ခိုက်မှုအဆုံးသတ်သည်အထိ အမေရိကန်က အဆက်မပြတ် လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ဆို

ဝါရှင်တန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
ယီမင် ဟူသီလက်နက်ကိုင်များက အမေရိကန်သင်္ဘောနှင့် ဒရုန်းများအပေါ် တိုက်ခိုက်မှု အဆုံးမသတ်ပါက အမေရိကန်စစ်တပ်က လေကြောင်းတိုက်ခိုက်သည့် လှုပ်ရှားမှုကို ရပ်တန့်သွားမည်မဟုတ်ကြောင်း အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Pete Hegseth က မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။
“ဟူသီလက်နက်ကိုင်တွေက ‘ကျွန်တော်တို့ (အမေရိကန်) သင်္ဘောတွေနဲ့ ဒရုန်းတွေအပေါ် တိုက်ခိုက်မှုတွေ အဆုံးသတ်ပါမယ်’ လို့ပြောတာနဲ့ ဒီလှုပ်ရှားမှုက ရပ်တန့်သွားမှာပါ” ဟု Pete Hegseth က အမေရိကန် Fox သတင်းရုပ်သံလိုင်း၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။ ယင်းမတိုင်မီ အမေရိကန်စစ်တပ်က ဟူသီလက်နက်ကိုင်များအား “အလျှော့မပေးဘဲ” တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်စစ်တပ်သည် မတ် ၁၅ ရက်မှစ၍ ယီမင်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် လူ ၅၃ ဦး သေဆုံးပြီး အခြားလူ ၉၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယီမင် ဟူသီလက်နက်ကိုင်များက မတ် ၁၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
美防长:美军将继续空袭直到胡塞武装停止袭击
新华社华盛顿3月16日电 美国国防部长赫格塞思16日说,除非也门胡塞武装停止对美国船只和无人机的袭击,美军不会停止空袭行动。
他在接受美国福克斯新闻频道访谈时说:“一旦胡塞武装表示‘我们将停止向(美国)船只和无人机开火’,这场行动就会结束。”他说,在此之前,美军将“不懈”打击胡塞武装。
也门胡塞武装16日发表声明说,美军自15日以来对也门的空袭已造成53人死亡,另有98人受伤。(完)
图说:这是3月16日拍摄的也门萨那街头景象。新华社发(穆罕默德·穆罕默德摄)