Connect with us

Europe

ယူကရိန်းတွင် နေတိုးအဖွဲ့မှ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားမည့် အလားအလာကို ရုရှား ပယ်ချ

မော်စကို၊ မတ် ၁၇ ရက် (ဆင်ဟွာ)
ယူကရိန်းတွင် နေတိုး (NATO) အဖွဲ့မှ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားမည့် အလားအလာကို ရုရှားနိုင်ငံက ပယ်ချလိုက်ပြီး ယင်းအစား ဖြစ်နိုင်ခြေရှိသော ငြိမ်းချမ်းရေးသဘောတူညီချက်ကို ကြီးကြပ်ရန် လက်နက်ကိုင်ဆောင်ခြင်းမရှိသော စောင့်ကြည့်လေ့လာသူများ သို့မဟုတ် အရပ်ဘက် စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ရေးအတွက် အကြံပြုခဲ့ကြောင်း သိရသည်။
ယူကရိန်းတွင် ငြိမ်းချမ်းရေးထိန်းသိမ်းမှုအတွက် ဆွေးနွေးရန် အချိန်မတန်သေးကြောင်း၊ တရားဝင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိပြီးမှသာလျှင် ယင်းဆွေးနွေးမှုများကို လုပ်ဆောင်သင့်ကြောင်း မတ် ၁၆ ရက်က ရုရှားနေ့စဉ်ထုတ်သတင်းစာ Izvestia နှင့် အင်တာဗျူးတစ်ခု၌ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး အလက်ဇန်းဒါး ဂရက်ရှ်ကိုက ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးထိန်းသိမ်းမှု တာဝန်များတွင် နေတိုးအဖွဲ့ ပါဝင်ခြင်းမှာ အခြေခံအားဖြင့် ကိုက်ညီမှုမရှိကြောင်း ဂရက်ရှ်ကိုက အလေးအနက်ပြောကြားခဲ့သည်။
“နေတိုးအဖွဲ့နဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုတာက လုံးဝကို လိုက်ဖက်မှုမရှိပါဘူး။ နေတိုးမဟာမိတ်အဖွဲ့ရဲ့ ပကတိသမိုင်းကြောင်းမှာ ကမ္ဘာတစ်ဝန်းမှာရော ဒေသတွင်းမှာပါ အခိုင်အမာ ဩဇာလွှမ်းမိုးနိုင်ဖို့ စစ်ဆင်ရေးတွေ၊ အကြောင်းမဲ့ ကျူးကျော်ရန်စမှုတွေ ပါဝင်နေတာပါ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ဖြစ်နိုင်ခြေရှိသော အခြားနည်းလမ်းတစ်ခုမှာ လက်နက်ကိုင်ဆောင်ခြင်းမရှိသော စောင့်ကြည့်လေ့လာရေးမစ်ရှင် သို့မဟုတ် အရပ်ဘက် စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့အား အလားအလာရှိသော ငြိမ်းချမ်းရေး သဘောတူညီချက်၏ သွင်ပြင်လက္ခဏာများကို ကြီးကြပ်ရန် ထည့်သွင်းစဉ်းစားနိုင်သည်ဟု ၎င်းက ဆိုသည်။ (Xinhua)
…………………………………………………………..
(English Version)
Russia rejects possible deployment of NATO peacekeepers in Ukraine
MOSCOW, March 17 (Xinhua) — Russia has rejected the possible deployment of NATO peacekeepers in Ukraine, suggesting unarmed observers or a civilian monitoring group sent there to oversee a potential peace deal.
Discussions on peacekeeping efforts in Ukraine remain premature and should only take place after a formal peace agreement has been reached, said Russian Deputy Foreign Minister Alexander Grushko in an interview with Russian daily Izvestia on Sunday.
Grushko emphasized that NATO’s involvement in peacekeeping operations is fundamentally contradictory.
“NATO and peacekeeping are entirely incompatible. The real history of the alliance consists of military operations and unprovoked aggression to assert its global and regional dominance,” he stated.
As a possible alternative, he said that an unarmed observer mission or a civilian monitoring group could be considered to oversee certain aspects of a potential peace deal.