North America
ဟူသီလက်နက်ကိုင်များအား ဆက်လက်နှိမ်နင်းမည်၊ လက်ရှိတွင် မြေပြင် စစ်ရေးလှုပ်ရှားမှုများ မရှိသေးဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ဝါရှင်တန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
ဟူသီလက်နက်ကိုင်များအနေဖြင့် အခြားနိုင်ငံ၏ သင်္ဘောများနှင့် အမေရိကန်ရေတပ်အား တိုက်ခိုက်နိုင်စွမ်း မရှိတော့သည့်တိုင်အောင် ယီမင်ရှိ ဟူသီလက်နက်ကိုင်များကို အမေရိကန်နိုင်ငံက ဆက်လက်နှိမ်နင်းမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ လက်ရှိတွင် အမေရိကန်နိုင်ငံအနေဖြင့် ဟူသီလက်နက်ကိုင်များအပေါ် မြေပြင် စစ်ရေးလှုပ်ရှားမှုများစတင်ရန် ဆွေးနွေးခြင်း မရှိသေးကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
ဟူသီလက်နက်ကိုင်တပ်ဖွဲ့သည် လွန်ခဲ့သည့် တစ်နှစ်ခွဲအတွင်း အမေရိကန် စစ်သင်္ဘောများကို ၁၇၄ ကြိမ်တိုင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အမေရိကန်စစ်တပ်အနေဖြင့် ယခုအကြိမ်တွင် ဟူသီလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်နိုင်စွမ်းမရှိတော့သည့်တိုင်အောင် အခိုင်အမာ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မာကိုရူဘီယိုက CBS သတင်းကုမ္ပဏီ၏ “Face the Nation” အစီအစဉ် မေးမြန်းမှု လက်ခံဖြေကြားရာတွင် ပြောကြားခဲ့သည်။
မာကိုရူဘီယိုက အမေရိကန်နိုင်ငံအနေဖြင့် မြေပြင် စစ်ရေးလှုပ်ရှားမှုများစတင်ရန် ဆွေးနွေးခြင်း မရှိသေးကြောင်း၊ “လောလောဆယ် မလိုအပ်သေးဘူး” ဟု ၎င်းက ယူဆကြောင်း ပြောကြားခဲ့သည်။
အမေရိကန်က မတ် ၁၅ ရက်တွင် ယီမင်ရှိ ဟူသီလက်နက်ကိုင်များအပေါ် လေကြောင်းတိုက်ခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့် စတင်လုပ်ဆောင်ခဲ့ရာ ယင်းနောက်တွင် ဟူသီလက်နက်ကိုင်များက အမေရိကန် လေယာဉ်တင်သင်္ဘောနှင့် ၎င်းအတူ လိုက်ပါလာသည့် သင်္ဘောများကို တိုက်ခိုက်ခဲ့သည်။ အမေရိကန် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅၃ ဦးသေဆုံးကာ အခြားသူ ၉၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယီမင်ရှိ ဟူသီလက်နက်ကိုင်များက မတ် ၁၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
美国务卿:将继续打击胡塞武装 暂无地面军事行动计划
新华社华盛顿3月16日电 美国国务卿鲁比奥16日说,美国将继续打击也门胡塞武装,直到胡塞武装不再有能力袭击他国船只和美国海军。他还说,美国目前没有讨论对胡塞武装发起地面军事行动。
鲁比奥在接受美国哥伦比亚广播公司《面向全国》节目采访时说,胡塞武装在过去一年半时间里对美国军舰发起了174次袭击,美军此次将坚决持续打击胡塞武装直到其不再有能力发起攻击。
鲁比奥还说,美方未对展开地面行动进行讨论,他认为“目前没有必要”。
美国15日开始对也门胡塞武装进行大规模空袭,胡塞武装随后对美国航空母舰及其随行舰只发动打击。也门胡塞武装16日发表声明说,美军对也门的空袭已造成53人死亡,另有98人受伤。(完)
图说:3月15日,也门首都萨那一处地点遭到空袭后升起浓烟(手机照片)。新华社发(穆罕默德·穆罕默德摄)