Connect with us

Africa & Middle East

အီရန်အနေဖြင့် ဟူသီအဖွဲ့၏ နောက်ထပ်တိုက်ခိုက်မှုများအတွက် ကြောက်မက်ဖွယ် အကျိုးဆက်များကို ခံစားရလိမ့်မည်ဟု ထရမ့် ပြော

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း လေယာဉ်မတော်တဆမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရှင်းလင်းပြောကြားနေပုံကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၁၈ ရက် (ဆင်ဟွာ)
အီရန်အနေဖြင့် ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့၏ နောက်ထပ်တိုက်ခိုက်မှုများအတွက် ကြောက်မက်ဖွယ် အကျိုးဆက်များကို ခံစားရလိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ် ၁၇ ရက်၌ သတိပေးခဲ့သည်။
“အခုအချိန်ကစပြီး ဟူသီအဖွဲ့ရဲ့ ပစ်ခတ်မှုတိုင်းကို အီရန်ခေါင်းဆောင်ပိုင်းနဲ့ အီရန်ရဲ့လက်နက်တွေနဲ့ ပစ်ခတ်မှုလို့ မှတ်ယူသွားမှာပါ” ဟု ထရမ့်က ဆိုရှယ်မီဒီယာ ပလက်ဖောင်း Truth Social တွင် ရေးသားခဲ့သည်။
“အီရန်က တာဝန်ခံရမှာဖြစ်လို့ အကျိုးဆက်တွေကို ခံစားရပါလိမ့်မယ်။ နောက်ပြီး အဲဒီအကျိုးဆက်တွေက ကြောက်စရာကောင်းပါလိမ့်မယ်” ဟု ၎င်းက ရေးသားခဲ့သည်။ အီရန်က ဟူသီအဖွဲ့အား လက်နက်၊ ငွေကြေးနှင့် ထောက်လှမ်းရေးသတင်းများ ပေးနေသည်ဟုလည်း ထရမ့်က စွပ်စွဲခဲ့သည်။
ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့၏ စစ်ဆင်ရေးဆိုင်ရာ အကြီးအကဲဖြစ်သူ အလက်ဆစ် ဂရင်းကဝစ်ချ်က အမေရိကန်အနေဖြင့် တည်နေရာအများအပြားရှိ ဟူသီပစ်မှတ် ၃၀ အား မတ် ၁၅ ရက်က တိုက်ခိုက်ခဲ့သည်ဟု မတ် ၁၇ ရက် အစောပိုင်း ပင်တဂွန် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ထို့အတူ မတ် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင်လည်း တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း၊ သမ္မတ၏ မျှော်မှန်းချက်များ ပြည့်မြောက်သည်အထိ လာမည့်ရက်ပိုင်းအတွင်း စစ်ဆင်ရေး ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မတ် ၁၅ ရက်မှစ၍ အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် ၅၃ ဦး သေဆုံးခဲ့ပြီး အခြားသူ ၉၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဟူသီအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာန၏ မတ် ၁၆ ရက် ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

ယီမင်နိုင်ငံ ဆန်နားမြို့တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မီးခိုးလုံးများ တက်လာပုံကို ၂၀၂၅ ခုနှစ် မတ် ၁၅ ရက်က မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

………………………………………………………………………………………
(English Version)
Trump says Iran to suffer dire consequences for further Houthi attacks
WASHINGTON, March 17 (Xinhua) — U.S. President Donald Trump on Monday warned that Iran will suffer dire consequences for further attacks by the Houthis based in Yemen.
“Every shot fired by the Houthis will be looked upon, from this point forward, as being a shot fired from the weapons and leadership of IRAN,” Trump wrote on Truth Social.
“IRAN will be held responsible, and suffer the consequences, and those consequences will be dire!” he wrote. Trump also accused Iran of providing the Houthis with weapons, money and intelligence.
Earlier on Monday, Alexus Grynkewich, the head of operations at the Joint Staff, said at a Pentagon press briefing that the United States struck 30 Houthi targets at multiple locations on Saturday.
More strikes were conducted on Sunday and Monday, and the operation “will continue in the coming days until we achieve the President’s objectives,” he said.
The Houthi Health Ministry said on Sunday that the U.S. strikes had killed 53 people and injured 98 others since Saturday.
English Caption 1
U.S. President Donald Trump speaks during a press conference on an aircraft collision at the White House in Washington, D.C., the United States, on Jan. 30, 2025. (Xinhua/Hu Yousong)
English Caption 2
This photo taken by a mobile phone shows smoke rising after an airstrike in Sanaa, Yemen, on March 15, 2025. (Str/Xinhua)