Connect with us

Africa & Middle East

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၀၀ ကျော် သေဆုံး၊ အစ္စရေးက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား ဖျက်ဆီးလိုက်သည်ဟု ဟားမက်စ်ဆို

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Beit Hanoun တွင် အဆောက်အဦ အပျက်အစီးနှင့် ယာယီရွက်ဖျင်တဲများအား ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်/ဂါဇာ၊ မတ် ၁၈ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ်သည် မတ် ၁၈ ရက် နံနက်ပိုင်းတွင် ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသအား လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) မီဒီယာရုံးက ဆိုထားသည်။

အစ္စရေးစစ်တပ်သည် ဝန်ကြီးချုပ် နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီး ကတ်ဇ်၏ အမိန့်အရ ဂါဇာဒေသတစ်ခုလုံးရှိ ဟားမက်စ်ပစ်မှတ်များအား လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေသည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက မတ် ၁၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်တွင် ဟားမက်စ်က အမေရိကန် စသည့် ညှိနှိုင်းပေးသည့်ဘက်မှ အဆိုပြုသော အကြံပြုချက်အားလုံးကို ငြင်းပယ်လိုက်ပြီး ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေးဘက်မှ ထိန်းသိမ်းခံထားရသူများအား လွှတ်ပေးရန် ငြင်းပယ်ထားသည်ဟု ဆိုသည်။

ယခုအကြိမ် စစ်ဆင်ရေး၏ရည်ရွယ်ချက်တွင် အစ္စရေးဘက်မှ ထိန်းသိမ်းခံထားရသူအားလုံးကို သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ဟားမက်စ်ဘက်မှ လွှတ်ပေးရေးအတွက် ဖိအားပေးရန် ပါဝင်ကြောင်း၊ အစ္စရေးဘက်က စစ်ရေးအင်အားတိုးမြှင့်၍ “ဟားမက်စ်အား တိုက်ခိုက်” သွားမည်ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ကြေညာချက်အရ အစ္စရေးစစ်တပ်သည် လွန်ခဲ့သည့်သီတင်းပတ်‌ စနေ၊ တနင်္ဂနွေက အဆိုပါစစ်ဆင်ရေး အစီအစဉ်ကို အဆိုပြုခဲ့ခြင်းဖြစ်ပြီး အစိုးရ၏ ခွင့်ပြုချက်ရရှိထားကြောင်း သိရသည်။

အစိုးရ၏အမိန့်ညွှန်ကြားချက်အရ အစ္စရေးစစ်တပ်နှင့် အစ္စရေး အမျိုးသားလုံခြုံရေးဌာန (Shin Bet) တို့သည် ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးရှိ ဟားမက်စ်ပစ်မှတ်များအား အကြီးအကျယ် တိုက်ခိုက်မှု လုပ်ဆောင်လျက်ရှိကြောင်း အစ္စရေးစစ်တပ်နှင့် Shin Bet တို့ကလည်း ဆက်လက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကျန်ရှိသော ထိန်းသိမ်းခံထားရသူ ၅၉ ဦးကို ဟားမက်စ် မလွှတ်ပေးပါက ဟားမက်စ်သည် “ယခင်က မရှိခဲ့ဖူးတဲ့” ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများ ခံရမည်ဖြစ်ကြောင်း၊ “ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံး မိမိနေရပ်ကို ပြန်ရောက်ပြီး စစ်ပွဲရည်မှန်းချက်အားလုံး အကောင်အထည် ဖော်ဆောင်ပြီးတဲ့အထိ ကျွန်တော်တို့ တိုက်ပွဲဝင်မှုကို လုံးဝရပ်တန့်သွားမှာမဟုတ်ပါဘူး” ဟု ကတ်ဇ်က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ထို့ပြင် အစ္စရေးစစ်တပ်၏ ကြေညာချက်အရ ဂါဇာကမ်းမြောင်ဒေသနှင့် ကပ်လျက်ရှိသည့် လူနေရပ်ကွက်များ၏ ကာကွယ်ရေးမူဝါဒကို “အပြည့်အဝအလှုပ်ရှားမှု” မှ “အကန့်အသတ်ဖြင့် လှုပ်ရှားမှု” အဖြစ်ပြောင်းလဲလိုက်ကြောင်း၊ ဆိုလိုသည်မှာ အဆိုပါလူနေရပ်ကွက်များတွင် “ပညာရေးလှုပ်ရှားမှု လုပ်ဆောင်ရန် ခွင့်မပြု” ခြင်းပင်ဖြစ်သည်။

အစ္စရေးက လေကြောင်းတိုက်ခိုက်မှု မလုပ်ဆောင်ခင် အမေရိကန်၏ သဘောထားအကြံပြုချက်ကို မေးမြန်းခဲ့ကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်က မတ် ၁၈ ရက်တွင် မီဒီယာများကို ပြောကြားခဲ့သည်။ ယခုအကြိမ် တိုက်ခိုက်သည့်ပစ်မှတ်မှာ ဟားမက်စ်ခေါင်းဆောင်အလွှာနှင့် အလယ်အလွှာ ညွှန်ကြားရေးမှူး၊ ဟားမက်စ်ပိုင် အခြေခံအဆောက်အအုံများဖြစ်ကြောင်း အစ္စရေးစစ်တပ်က အမေရိကန်အား အသိပေးခဲ့သည်ဟု ၎င်းက ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုသည် ဂါဇာဒေသမြောက်ပိုင်း၊ ဂါဇာမြို့၊ ဂါဇာဒေသအလယ်ပိုင်းနှင့် တောင်ပိုင်းရှိ Deir al-Balah၊ Khan Younis နှင့်ရာဖာ တို့အပါအဝင် ဂါဇာဒေသ နေရာအများအပြား၌ ဖြစ်ပွားခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
ဟားမက်စ်အဆင့်မြင့် လုံခြုံရေးအရာရှိ Mahmoud Abu Watfa သည် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည်ဟု ဟားမက်စ်ဘက်က ဆိုထားသည်။
သေဆုံးသူများတွင် အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်ကြောင်း၊ အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ဆဲဖြစ်သဖြင့် လက်ရှိတွင် ကယ်ဆယ်ရေးဝန်ထမ်းများက အခင်းဖြစ်နေရာသို့သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ခက်ခဲလျက်ရှိကြောင်း ပါလက်စတိုင်းသတင်းဌာန WAFA က သတင်းဖော်ပြထားသည်။

ဟားမက်စ်ဘက်က မတ် ၁၈ ရက်တွင် နေတန်ယာဟုနှင့် ၎င်း၏အစိုးရသည် “ဂါဇာဒေသ ပြည်သူများအပေါ် ကျူးကျော်မှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများ ပြန်လည်စတင်” နေသည်ဟု ပြစ်တင်ခဲ့ပြီး အစ္စရေးက ယခုအကြိမ် ပဋိပက္ခ အဆင့်မြင့်တက်လာမှုအတွက် အလုံးစုံတာဝန်ယူရမည်ဖြစ်ကြောင်း ယူဆထားသည်။

အစ္စရေးဘက်က “အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား ဖျက်ဆီးရန် ဆုံးဖြတ်” လိုက်သဖြင့် ဂါဇာဒေသ၌ ထိန်းသိမ်းခံထားရသူများ၏ ကံကြမ္မာသည် မျှော်မှန်း၍မရတော့ကြောင်းလည်း ဟားမက်စ်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အရေးပေါ်အစည်းအဝေးကျင်းပကာ ဆုံးဖြတ်ချက် အတည်ပြု၍ အစ္စရေးဘက်က “ကျူးကျော်မှု ချက်ချင်းရပ်တန့်ပြီး ဂါဇာဒေသမှ ၎င်း၏တပ်များ လုံးဝဆုတ်ခွာသွားရေး” အား တောင်းဆိုရန် ဟားမက်စ်က တိုက်တွန်းခဲ့သည်။ (Xinhua)

————————-
(Chinese Version)
综合消息|以军空袭已致超过200人死亡 哈马斯称停火协议被以推翻
新华社耶路撒冷/加沙3月18日电 以色列军方18日凌晨对巴勒斯坦加沙地带发动空袭。巴勒斯坦伊斯兰抵抗运动(哈马斯)媒体办公室说,空袭已造成超过200人死亡。
以色列总理办公室18日发表声明说,以军按照总理内塔尼亚胡和国防部长卡茨的命令,正对整个加沙地带的哈马斯目标发动空袭。
声明称,哈马斯拒绝了美国等调解方提出的所有建议,拒不释放加沙地带以方被扣押人员。此次作战目的包括施压哈马斯释放以方所有被扣押人员,无论其活着或者死去,以色列将增强军事力量“对付哈马斯”。
根据声明,以军上周末提出了这一作战计划,并得到政府的批准。
以军和以国家安全总局(辛贝特)随后发表声明说,按照政府指令,以军和辛贝特正在整个加沙地带对哈马斯目标进行大规模打击。
卡茨在一份声明中说,如果哈马斯不释放剩余的59名被扣押人员,哈马斯将受到“前所未有”的严厉打击。“我们绝不停止战斗,直到所有被扣押人员返回家园并实现所有战争目标。”
另据以军声明,邻近加沙地带社区的防御方针从“完全活动”改为“有限活动”,这意味着这些社区“不允许开展教育活动”。
白宫发言人18日对媒体说,以色列在发动空袭前征询了美方意见。以军告知美方此次袭击的目标是哈马斯领导层和中层指挥官,以及属于哈马斯的基础设施。
据报道,空袭发生在加沙地带多个地点,包括加沙北部、加沙城以及加沙地带中部和南部的代尔拜拉赫、汗尤尼斯和拉法。
哈马斯方面说,哈马斯高级安全官员马哈茂德·阿布·瓦特法在空袭中死亡。
巴勒斯坦通讯社报道说,死者中包括妇女和儿童,由于以色列空袭仍在进行中,目前救援人员难以抵达现场开展急救工作。
哈马斯18日指责内塔尼亚胡及其政府“恢复对加沙地带平民的侵略和种族灭绝”,并认为以色列对此次冲突升级负有全部责任。
哈马斯还称,以方“决定推翻停火协议”,在加沙的被扣押人员命运将不可知。
哈马斯还呼吁联合国安理会就此召开紧急会议,通过决议责成以方“立即停止侵略,并从加沙地带全面撤军”。(完)
图说:这是2月19日在加沙地带北部拜特哈嫩拍摄的建筑废墟和临时帐篷。新华社发(里泽克·阿卜杜勒贾瓦德摄)