Connect with us

မြန်မာ-中文

ဆီးရီးယား-လက်ဘနွန် နယ်စပ်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိ

ဆီးရီးယား-လက်ဘနွန် နယ်စပ်ရှိ Masnaa နယ်စပ်ဂိတ်တစ်လျှောက်တွင် သောင်တင်နေသော ဆီးရီးယားပြည်သူလူထုအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ်၊ မတ် ၁၈ ရက် (ဆင်ဟွာ)
ဆီးရီးယားနှင့် လက်ဘနွန် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိများသည် မတ် ၁၇ ရက် ညပိုင်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီး ၎င်းတို့နှစ်နိုင်ငံ နယ်စပ်ဒေသတွင် နှစ်ရက်ကြာ ဖြစ်ပွားခဲ့သော ပဋိပက္ခကို အဆုံးသတ်ခဲ့ကြောင်း ဆီးရီးယား SANA သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

ဆီးရီးယား-လက်ဘနွန် နှစ်နိုင်ငံ နယ်စပ်ဒေသတွင် မတ် ၁၆ ရက် ညပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း၊ လက်ဘနွန် သမ္မတ Joseph Aoun က ဆီးရီးယား နယ်စပ်ဘက်ခြမ်းရှိ ဆီးရီးယားစစ်တပ်အား တုံ့ပြန်တိုက်ခိုက်ရန် စစ်တပ်ကို မတ် ၁၇ ရက် နံနက်ပိုင်းတွင် အမိန့်ပေးခဲ့ကြောင်း သတင်းအရ သိရသည်။ ပဋိပက္ခဖြစ်ပွားမှုကြောင့် လက်ဘနွန်နိုင်ငံသား ၇ ဦး သေဆုံးပြီး အခြားသူ ၅၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ လက်နက်ကိုင်များ၏ မတ် ၁၅ ရက်က ဆီးရီးယားနယ်စပ်မှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဆီးရီးယားစစ်သား ၃ ဦးကို ပြန်ပေးဆွဲ၊ သတ်ဖြတ်ခဲ့ခြင်းကို ဆီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၁၆ ရက်တွင် ပြစ်တင်ရှုတ်ချခဲ့သည်။ ဆီးရီးယားစစ်တပ်သည် နယ်စပ်တစ်လျှောက်ရှိ “ဆီးရီးယားစစ်သားများအား သတ်ဖြတ်ခဲ့သော ဟစ်ဇ်ဘိုလာအဖွဲ့ စုဝေးရာနေရာ” ကို အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဆီးရီးယားသတင်းချန်နယ်က သတင်းဖော်ပြခဲ့သည်။
လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့က လက်ဘနွန်-ဆီးရီးယားနယ်စပ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များနှင့် မည်သည့် ဆက်စပ်မှုမျှ မရှိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)

ဆီးရီးယား-လက်ဘနွန် နယ်စပ်ရှိ Masnaa နယ်စပ်ဂိတ်တစ်လျှောက်တွင် သောင်တင်နေသော ဆီးရီးယားပြည်သူလူထုအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် တွေ့ရစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
叙利亚和黎巴嫩达成边境停火协议
新华社大马士革3月18日电 据叙利亚通讯社报道,叙利亚和黎巴嫩国防部官员17日晚达成停火协议,结束两国边境地区持续两天的冲突。
据报道,16日夜间,叙黎两国在边境地区爆发冲突。17日早,黎巴嫩总统约瑟夫·奥恩下令军队对叙利亚边境一侧的叙军进行还击。黎卫生部报告称,冲突造成7名黎巴嫩公民死亡,另有52人受伤。
叙利亚国防部门16日指责黎巴嫩真主党武装分子15日越境入叙,绑架并杀害了3名叙士兵。叙利亚新闻频道援引一位不愿透露姓名的国防部门官员的话报道,叙利亚军队炮击了边境沿线“杀害叙利亚士兵的真主党集会”。
黎巴嫩真主党发表声明,否认与黎叙边境发生的事件有任何关联。(完)
图说:这是12月12日在黎巴嫩和叙利亚边境的迈斯纳过境点一带拍摄的滞留的叙利亚民众。新华社发(马希尔·卡马尔摄)