International Organizations
၂၀၂၅ ခုနှစ် မတ် ၁၈ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဘာစီလိုနာအသင်း လမ်းကြောင်းမှန်ပေါ်တွင် ရှိနေဟု လီဝန်ဒေါစကီး ဆို
အက်သလက်တီကို မက်ဒရစ်အား ၄-၂ ဂိုးဖြင့် အနိုင်ယူခဲ့သည့် ပွဲစဉ်၌ အသင်း၏ ဒုတိယပိုင်း စွမ်းဆောင်ရည်မှာ လာမည့်ပွဲစဉ်များအတွက် အသင်း၏ကစားပုံနှင့် ပတ်သက်၍ စံနမူနာတစ်ခုဖြစ်ကြောင်း ဘာစီလိုနာတိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးက ပြောကြားခဲ့သည်။
မတ် ၁၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် ဘာစီလိုနာက အက်သလက်တီကိုအား နှစ်ဂိုးရှုံးနိမ့်နေသော်လည်း နောက်မှလိုက်ကစားကာ လာမင်း ယမားလ်၊ ဖယ်ရန် တောရက်စ်တို့၏ နာကျင်အချိန်ပို သွင်းဂိုးများကြောင့် ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သလို နောက်ဆုံးမိနစ် ၂၀ အတွင်း လေးဂိုးသွင်းယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
“ဒုတိယဂိုး ပေးလိုက်ရတော့မှပဲ ကျွန်တော်တို့ ပြန်နိုးထလာခဲ့တာပါ။ ကံကောင်းထောက်မစွာပဲ လျင်လျင်မြန်မြန် တုံ့ပြန်နိုင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့သွင်းဂိုးက ရလဒ်ကောင်းပြန်ယူနိုင်မယ်ဆိုတဲ့ ယုံကြည်မှုကို ရရှိစေပါတယ်။ အဲဒါက အဲဒီပွဲစဉ်မှာ ကျွန်တော်တို့ ပြန်ရုန်းထလာနိုင်ခဲ့တဲ့ အခိုက်အတန့်ပါပဲ” ဟု လီဝန်ဒေါစကီးက ပိုလန်မီဒီယာသို့ မတ် ၁၇ ရက်၌ ပြောကြားခဲ့သည်။
လက်ရှိတွင် ဘာစီလိုနာက ရမှတ် ၆၀ ရရှိထားပြီး ရီးရဲလ်မက်ဒရစ်နှင့် ရမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေသော်လည်း ဘာစီလိုနာက လက်ကျန်ပွဲတစ်ပွဲ ကစားရန် ကျန်ရှိနေသေးသည်။
…..
— အာဂျင်တီးနား၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များကို မက်ဆီ လွဲချော်မည်
အာဂျင်တီးနားအသင်း၏ အင်တာမိုင်ယာမီ တိုက်စစ်မှူး လီယွန်နယ် မက်ဆီမှာ ဥရုဂွေး၊ ဘရာဇီးအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင်း အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ် (AFA) က မတ် ၁၇ ရက်၌ အတည်ပြုပြောကြားခဲ့သည်။
အသက် ၃၇ နှစ်အရွယ် မက်ဆီမှာ မတ် ၁၆ ရက်၌ အင်တာမိုင်ယာမီက အတ္တလန်တာယူနိုက်တက်အား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် မေဂျာလိဂ်ပွဲစဉ်တွင် ပွဲချိန်မိနစ် ၉၀ ပြည့် ပါဝင်ကစားခဲ့ပြီး အလွန်လှပသော သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့သော်လည်း အာဂျင်တီးနားအသင်း၏ ၂၆ ဦး ကစားသမားစာရင်းတွင် ပါဝင်လာခဲ့ခြင်းမရှိပေ။
မက်ဆီမှာ အဆိုပါပွဲစဉ်၌ ဘယ်ဘက်ပေါင်ခြံဒဏ်ရာ ရရှိခဲ့သဖြင့် မတ် ၂၁ ရက်၌ ဥရုဂွေးအသင်းနှင့် အဝေးကွင်းပွဲစဉ်၊ လေးရက်အကြာတွင် ယှဉ်ပြိုင်ကစားမည့် ဘရာဇီးအသင်းနှင့် အိမ်ကွင်းပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ထို့ပြင် အသင်းမန်နေဂျာ လီယွန်နယ် စကာလိုနီက ပေါ်လို ဒိုင်ဘာလာ (ရိုးမား)၊ ဂျီယိုဗန်နီ လိုဆယ်လ်ဆို (ရီးရဲလ်ဘက်တစ်)၊ ဂွန်ဇာလို မွန်တီရယ် (ရေးဗားပလိတ်) တို့ကိုလည်း ယခုလ အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ပဏာမ ၃၃ ဦးစာရင်းမှ ချန်လှပ်ခဲ့ကြောင်း သိရသည်။
…..
— အာရှဖလား ပြိုင်ပွဲဝင်ရန် တရုတ် ယူ-၁၇ ဘောလုံးအသင်း အနောက်အာရှသို့ ထွက်ခွာ
တရုတ် ယူ-၁၇ ဘောလုံးအသင်းအနေဖြင့် အဓိက ကစားသမားများ ဒဏ်ရာရရှိမှုနှင့် ရင်ဆိုင်နေရသော်လည်း ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပမည့် AFC ယူ-၁၇ အာရှဖလားပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်မည်ဟု ရည်မှန်းလျက် မတ် ၁၇ ရက်က အနောက်အာရှသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
တရုတ်အသင်းမှာ ပြီးခဲ့သည့် အောက်တိုဘာလက ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစစ်ပွဲတွင် အထူးခြေစွမ်းပြခဲ့ပြီး သွင်းဂိုး ၁၉ ဂိုး သွင်းယူနိုင်ခဲ့ကာ ပေးဂိုးနှစ်ဂိုးသာ ခွင့်ပြုခဲ့ရပြီး ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဖော်ဆန်းမြို့တွင် မကြာသေးမီက စခန်းသွင်းလေ့ကျင့်နေစဉ် ဒဏ်ရာပြဿနာများနှင့် ဆက်တိုက်ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
…..
— စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် တရုတ်ကစားသမားများဖြစ်သည့် စွန်းနှင့် လျင်တို့ ဆက်လက်ဦးဆောင်
မတ် ၁၈ ရက်၌ နိုင်ငံတကာ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် (ITTF) က ကမ္ဘာ့အဆင့် သတ်မှတ်ချက်များကို အသစ်ထုတ်ပြန်ကြေညာခဲ့ရာ တရုတ်စားပွဲတင်တင်းနစ် ကစားသမားများဖြစ်သည့် စွန်းရင်ဆားနှင့် လျင်ရှီးတုန့်တို့က ထိပ်ဆုံး၌ ဆက်လက်ရပ်တည်နေကြောင်း သိရသည်။
ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) Champions Chongqing ပြိုင်ပွဲတွင် ပူပူနွေးနွေး ချန်ပီယံဆု ဆွတ်ခူးထားသော စွန်းက ဒုတိယနေရာမှ တစ်နိုင်ငံတည်းသားဖြစ်သူ ဝမ်မန့်ယွိအား ပွိုင့် ၄,၁၀၀ အသာဖြင့် ပြတ်ပြတ်သားသား ဦးဆောင်လျက်ရှိသည်။
အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲတွင်မူ လျင်က အသင်းဖော်ဖြစ်သလို WTT Champions Chongqing ချန်ပီယံလည်းဖြစ်သူ ဝမ်ချူချင်းအား ပွိုင့် ၁,၄၀၀ အထိ အသာရရှိထားပြီး ဝမ်မှာ ၂၀၂၄ ခုနှစ် WTT Singapore Smash ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲမှုကြောင့် ပွိုင့် ၂,၀၀၀ ရရှိထားခြင်းမှာ မတ် ၁၈ ရက်က သက်တမ်းကုန်ဆုံးသွားပြီဖြစ်သည်။ (Xinhua)
…………………..
(English Version)
Barcelona on right track, says Lewandowski
FC Barcelona striker Robert Lewandowski has said his side’s second-half performance in their 4-2 victory over Atletico Madrid was an example of how the team should play in future matches.
Lamine Yamal and Ferran Torres scored injury-time goals as Barcelona came back from two goals down away to Atletico Madrid to win 4-2 and return to the top of La Liga on Sunday, with their four goals coming in the last 20 minutes.
“It was only when we lost the second goal that we woke up. Fortunately, we were able to respond quickly. My goal made us believe in a good result again. That was the moment we got back into the game,” Lewandowski told Polish media on Monday.
Barcelona sits top of La Liga ahead of Real Madrid, with both sides level on 60 points, while the Catalans have a game in hand.
…..
Messi ruled out of Argentina’s World Cup qualifiers
Inter Miami forward Lionel Messi will miss Argentina’s World Cup qualifiers against Uruguay and Brazil, the Argentine Football Association (AFA) said on Monday.
The 37-year-old was absent from the Albiceleste’s 26-man squad despite playing a full 90 minutes and scoring a sublime goal in Inter Miami’s 2-1 win at Atlanta United in the MLS on Sunday.
Local media reported that Messi suffered a left adductor strain during the match, ruling him out of Argentina’s fixtures against Uruguay (away) on Friday and Brazil (home) four days later.
Albiceleste manager Lionel Scaloni also cut Paulo Dybala (Roma), Giovani Lo Celso (Real Betis) and Gonzalo Montiel (River Plate) from a preliminary list of 33 players announced earlier this month.
…..
China U-17 squad heads to West Asia with injury concerns ahead of Asian Cup
The Chinese U-17 national team departed for West Asia on Monday, aiming to make an impact at the upcoming AFC U-17 Asian Cup in Saudi Arabia despite struggling with injuries to key players.
China secured its place in the tournament with an impressive qualifying campaign last October, scoring 19 goals and conceding only two. However, preparations were disrupted by a string of injuries during a recent training camp in Foshan, Guangdong Province of China.
…..
China’s Sun, Lin remain top in table tennis world rankings
Chinese paddlers Sun Yingsha and Lin Shidong remain top after the International Table Tennis Federation (ITTF) updated its world rankings on Tuesday.
Recently crowned at the World Table Tennis (WTT) Champions Chongqing, Sun holds an unassailable 4,100-point lead over second-placed compatriot Wang Manyu.
In the men’s singles category, Lin has extended his lead to 1,400 points over teammate and WTT Champions Chongqing winner Wang Chuqin, as the latter saw his 2,000 ranking points from his triumph at the 2024 WTT Singapore Smash expire on Tuesday.