Connect with us

Media

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် သေဆုံးသူ ၃,၅၀၀ ကျော်အထိ မြင့်တက်လာ

ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၃,၅၆၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့(ဧပြီ ၆ ရက်) ညပိုင်းက ထုတ်ပြန်သော သတင်းအရ သိရသည်။
ငလျင်ကြောင့် လူပေါင်း ၅,၀၁၂ ဦး ဒဏ်ရာရရှိပြီး ၂၁၀ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ ငလျင်အတွက် နိုင်ငံတကာ ကူညီကယ်ဆယ်မှုအနေဖြင့် နိုင်ငံ ၂၀ မှ လေယာဉ်ခေါက်ရေ ၈၈ စင်း ၊ သင်္ဘော ၅စင်း၊ ကား ၆စင်းနှင့် ကူညီကယ်ဆယ် ရေးဝန်ထမ်း ၁,၇၃၈ ဦး၊ ထောက်ပံ့ပစ္စည်း ၁,၁၉၇ တန်ကျော်နှင့် ကယ်ဆယ်ရေးပစ္စည်း ၈၄၄တန်ကျော် ရောက်ရှိပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)