Connect with us

China

တရုတ်နိုင်ငံ၏ မတ်လကုန်ပိုင်း နိုင်ငံခြားအရန်ငွေထားရှိမှုပမာဏ အမေရိကန်ဒေါ်လာ ၃.၂၄၀၇ ထရီလီယံ ရှိ

ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် မတ်လကုန်ပိုင်း အထိ တရုတ်နိုင်ငံ၏ နိုင်ငံခြားအရန်ငွေ ထားရှိမှုပမာဏသည် အမေရိကန်ဒေါ်လာ ၃.၂၄၀၇ ထရီလီယံရှိပြီး ဖေဖော်ဝါရီလကုန်ပိုင်းနှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၁၃.၄ ဘီလီယံ တိုးတက်လာပြီး ၀.၄၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ တရုတ်နိုင်ငံ၏ နိုင်ငံခြားအရန်ငွေထားရှိမှုပမာဏသည် အမေရိကန်ဒေါ်လာ ၃.၂ ထရီလီယံ အထက်၌ ၁၆ လကြာ ဆက်တိုက် တည်ငြိမ်လျက်ရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားငွေစီမံခန့်ခွဲရေးဗျူရို၏ ဧပြီ ၇ ရက်က ထုတ်ပြန်သော အချက်အလက်တွင် ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် မတ်လတွင် ကန်ဒေါ်လာ ညွှန်းကိန်း ကျဆင်းသွားရာ ကမ္ဘာ့ ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုစျေးနှုန်းများ အလုံးစုံ ကျဆင်းခဲ့ကြောင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ပိုင်ဆိုင်မှုဈေးနှုန်း အပြောင်းအလဲ စသည့် အထွေထွေအကြောင်းရင်းများကြောင့် အဆိုပါလ၏ နိုင်ငံခြားအရန်ငွေ ထားရှိမှုပမာဏ တိုးတက်ခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားငွေစီမံခန့်ခွဲရေးဗျူရို၏ သက်ဆိုင်ရာတာဝန်ခံက မိတ်ဆက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ စီးပွားရေးလည်ပတ်မှုသည် ယေဘုယျအားဖြင့် တည်ငြိမ်ပြီး တိုးတက်လျက်ရှိကြောင်း၊ ရှိပြီးသား မူဝါဒများစွာနှင့် အသစ်ထုတ်ပြန်သည့် မူဝါဒများ၏ ထိရောက်မှုသည် ဆက်လက်၍ သိသိသာသာရှိပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို လက်တွေ့ အကောင်အထည်ဖော်ကာ နိုင်ငံခြားအရန်ငွေထားရှိမှုပမာဏ အခြေခံ တည်ငြိမ်မှုရှိစေရေးအတွက် အထောက်အပံ့ဖြစ်စေကြောင်း အဆိုပါတာဝန်ခံက ပြောကြားခဲ့သည်။ (Xinhua)
……………………………….
(Chinese Version)
3月末我国外汇储备规模32407亿美元
新华社北京4月7日电(记者刘开雄)国家外汇管理局7日发布数据显示,截至2025年3月末,我国外汇储备规模为32407亿美元,较2月末上升134亿美元,升幅为0.42%。我国外汇储备规模已连续16个月稳定在3.2万亿美元以上。
国家外汇管理局相关负责人介绍,2025年3月,美元指数下跌,全球金融资产价格总体下跌。汇率折算和资产价格变化等因素综合作用,当月外汇储备规模上升。
该负责人表示,我国经济运行总体平稳、稳中有进,一揽子存量政策和增量政策继续发力显效,高质量发展扎实推进,为外汇储备规模保持基本稳定提供支撑。(完)