Environment, Disasters & Accidents
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် သေဆုံးသူ ၃,၆၀၀ ဦးအထိ ရှိလာ

ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၃,၆၀၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ (ဧပြီ ၇ ရက်) ညပိုင်းက ထုတ်ပြန်သော သတင်းအရ သိရသည်။
ငလျင်ကြောင့် လူပေါင်း ၅,၀၁၇ ဦး ဒဏ်ရာရရှိခဲ့ပြီး လူ ၁၆၀ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)