Connect with us

မြန်မာ-ENG

အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံကြား သံတမန်မစ်ရှင်များ ပြန်လည်ထားရှိရေးအတွက် အစ္စတန်ဘူ၌ ဒုတိယအကျော့ ဆွေးနွေးမှုများ ပြီးဆုံး

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသော ယာဉ်တစ်စီး တူကီယဲနိုင်ငံ အစ္စတန်ဘူမြို့ရှိ ရုရှားကောင်စစ်ဝန်ရုံးမှ ထွက်ခွာလာပုံကို ၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

အစ္စတန်ဘူ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံကြား သံတမန်မစ်ရှင်များ ပြန်လည်ထားရှိရေးနှင့် စပ်လျဉ်းသည့် ဒုတိယအကျော့ ဆွေးနွေးမှုများမှာ တူကီယဲနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အစ္စတန်ဘူတွင် ဧပြီ ၁၀ ရက်၌ ပြီးဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့မှာ ရုရှားကိုယ်စားလှယ်အဖွဲ့နှင့် ငါးနာရီခန့်ကြာ ဆွေးနွေးခဲ့ပြီးနောက် ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းတွင် အစ္စတန်ဘူရှိ ရုရှား‌ကောင်စစ်ဝန်ရုံးမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲအပြီးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းမရှိသော်လည်း ရုရှားဘက်မှ ကြေညာချက်ထုတ်ပြန်ရန် ပြင်ဆင်ထားကြောင်း အမည်မဖော်လိုသော သံတမန် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
ထိုဆွေးနွေးပွဲ၏ အဓိကဦးတည်ချက်မှာ နှစ်နိုင်ငံ အပြန်အလှန်ထားရှိသော သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများ ဖွင့်လှစ်လည်ပတ်မှုကို ထိခိုက်စေသော ကိစ္စရပ်များအား ကိုင်တွယ်ဖြေရှင်းရန်ဖြစ်ကြောင်း သိရသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းဆွေးနွေးပွဲ၌ သံတမန်ရေးဆိုင်ရာ လုပ်ငန်းဆောင်တာများကိုသာ သီးသန့်ဆွေးနွေးခဲ့သည်ဟု အလေးအနက်ပြောကြားခဲ့သည်။
“ယူကရိန်းအရေး မပါပါဘူး။ ဆွေးနွေးပွဲအစီအစဉ်မှာ အဲဒါလုံးဝမပါပါဘူး” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီ ဘရုစ်စ်က ဧပြီ ၈ ရက်၌ ပြောကြားခဲ့သည်။ “အဲဒီဆွေးနွေးမှုတွေက နှစ်နိုင်ငံဆက်ဆံရေး အလုံးစုံ ပုံမှန်ပြန်ဖြစ်စေဖို့အတွက် မဟုတ်ဘဲ ကျွန်မတို့ရဲ့သံရုံးတွေ လည်ပတ်မှုအတွက်ပဲ သီးသန့်ရည်ရွယ်ပါတယ်။ ကျွန်မတို့ပြောခဲ့သလိုပဲ ရုရှားနဲ့ ယူကရိန်း ငြိမ်းချမ်းရေးရမှပဲ အဲဒီလိုဖြစ်နိုင်ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
ပထမအကျော့ ဆွေးနွေးပွဲကိုမူ အစ္စတန်ဘူမြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က သံတမန်များအား အပြန်အလှန်နှင်ထုတ်ခဲ့သဖြင့် နှစ်နိုင်ငံ သံတမန်မစ်ရှင်များ၏ ထိထိရောက်ရောက် လည်ပတ်နိုင်စွမ်းကို အကြီးအကျယ် အဟန့်အတားဖြစ်စေခဲ့ကြောင်း သိရသည်။ (Xinhua)


……………………….
(English Version)
U.S., Russia conclude 2nd round of talks in Istanbul to restore diplomatic missions
ISTANBUL, April 10 (Xinhua) — The United States and Russia on Thursday finished their second round of talks on restoring diplomatic missions in Türkiye’s largest city Istanbul.
The U.S. delegation left the Russian consulate in Istanbul in the afternoon, following approximately five hours of meetings with the Russian side.
There was no press briefing after the talks, but a statement from the Russian side was prepared, according to a diplomatic source who required anonymity.
The primary focus of the discussions is to address issues affecting the functioning of the embassies and consulates in each other’s country. The U.S. State Department has emphasized that the talks are limited strictly to diplomatic operations.
“Ukraine is not, absolutely not on the agenda,” U.S. State Department spokesperson Tammy Bruce said Tuesday. “These talks are solely focused on our embassy operations, not on normalizing a bilateral relationship overall, which can only happen, as we’ve noted, once there is peace between Russia and Ukraine.”
The first round of talks was held in Istanbul on Feb. 27.
In recent years, Washington and Moscow have expelled numerous diplomats from each other’s country, significantly hindering the ability of their diplomatic missions to function effectively. ■
English Caption
A vehicle carrying U.S. delegates leaves the Russian consulate in Istanbul, Türkiye, April 10, 2025. (Xinhua/Liu Lei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.