Videos
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် သင်္ကြန်ချိန်ခါ ရိုးရာ ရာသီစာ မုန့်လုံးရေပေါ် စတုဒိသာလှူဒါန်း
ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုတွင် မုန့်လုံးရေပေါ်ပြုလုပ်နေမှု မြင်ကွင်းများကို ၂၀၂၅ ခုနှစ် ဧပြီ ၁၄ ရက်၌ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။
တန်ခူးလတွင် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို ဆင်နွှဲကြပါသည်။ သင်္ကြန်နှင့်အတူ မြန်မာနှစ်သစ်ကူး အထိမ်းအမှတ် ရိုးရာ ရာသီစာ မုန့်လုံးရေပေါ်ကို စုပေါင်းပြုလုပ်ကာ စတုဒိသာ ကုသိုလ်ပြုဒါနတစ်ခုအဖြစ် ပြုလုပ်လှူဒါန်းပေးကမ်းလေ့ရှိကြသည်။ မုန့်လုံးရေပေါ်သည် မြန်မာ့ရိုးရာ သွားရည်စာမုန့်တစ်မျိုးဖြစ်ပြီး ကောက်ညှင်းဖြင့် အဓိကပြုလုပ်ကာ ရေနှင့်ပြုတ်ထားသော မုန့်ညက်လုံး(မုန့်လုံး)များ ဖြစ်ပါသည်။ အဓိကအားဖြင့် ကောက်ညှင်း (သို့မဟုတ်) ဆန်ကြမ်းကို မုန့်နှစ်အဖြစ် ပြုပြင်ကာ ထန်းလျက်၊
ကြံသကာခဲ၊ အုန်းသီး စသည်တို့ဖြင့် တွဲဖက်စားသုံးရသည့် မုန့်တစ်မျိုးဖြစ်သည်။ အတွင်းတွင် ထန်းလျက်ခဲထည့်ထားသည့် ကောက်ညှင်းမုန့်ညက်ကို လုံးပြီး ရေနွေးဆူဆူတွင်
ပြုတ်ကာ ရေပေါ် ပေါ်လာသည်အထိ ပြုတ်ထားသည့် မုန့်လုံးရေပေါ်ကို ခြစ်ထားသည့် အုန်းသီးဖြင့် အရသာရှိရှိ သုံးဆောင်ရသည့် သင်္ကြန်ရာသီစာ အစားအစာတစ်မျိုးဖြစ်ပါသည်။ (Xinhua)